22 C
Yangon

စစ်ကိုင်းသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရပြီး ကျောင်းသားခေါင်းဆောင် ၄ ဦးကို ထောင်ဒဏ်များချမှတ်၊ နိုင်ငံရေးအကျဉ်း သား ကျောင်းသားများ ထောင်ပြောင်းရွှေ့ခံရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယမန်နှစ် ဧပြီလအတွင်း ဖမ်းဆီးခံခဲ့ရသော စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ မုံရွာထောင်တွင်း တရားရုံးက ကိုဝေမိုးနိုင်ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခြင်းဖြစ်ပြီး လက်ရှိတွင် အခြားသော ပုဒ်မများဖြင့် ဆက်လက်တရားစွဲဆိုထားကြောင်း သိရှိရသည်။

“မုံရွာ ထောင်တွင်း တရားရုံးက ပုဒ်မ ၅၀၅ အမှုငါးမှုအတွက် ၁၀ နှစ်ချလိုက်တာ။ အခြားပုဒ်မတွေနဲ့လည်း ဆက်ပြီး တရားစွဲဆိုထားပါတယ်” ဟု ကိုဝေးမိုးနိုင်၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ကိုဝေမိုးနိုင်ကို လူသတ်မှု၊ သဘာဝဘေး အန္တရာ ယ်ဆိုင်ရာ ဥပဒေအပြင် အခြားသောပုဒ်မများစွာဖြင့် ဆက်လက် တရားစွဲဆိုထားကြောင်း သိရှိရသည်။

အလားတူ ဗကသများအဖွဲ့ချုပ်ဗဟိုအမှုဆောင်အဖွဲ့ဝင် ကိုသက်တင်အောင်ကို ဇူလိုင်လ၂၄ ရက်နေ့ တောင်ငူထောင်တွင်းတရားရုံးက ထောင်ဒဏ် ၆ နှစ်၊ ထို့ အတူ ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ်သပိတ်ခေါင်းဆောင် ကိုမြတ်သူကို သြဂုတ်လ ၄ ရက်နေ့ မန္တလေးအိုးဘိုထောင်တွင်းတရားရုံးက ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူပင် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်း ကိုနောင်ထက်အောင်နှင့် အခြေခံ ပညာသပိတ်ကော်မတီ- BEGSC ဆရာနိုင်းသီဟကျော်နှင့်အတူ ​ သြဂုတ်လ ၁၀ ရက်နေ့ အိုးဘိုထောင်တွင်းတရားရုံးက မျက်ကွယ် ထောင်ဒဏ်(၃)နှစ်စီချမှတ်လိုက်​ကြောင်း သိရှိရသည်။

ထို့​ပြင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုကြောင့်ဖမ်းဆီးထိန်းသိမ်းခံထားရသော မုံရွာပညာရေး ကောလိပ် ကျောင်း သားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) က ကိုထွန်းခိုင်ကို မုံရွာထောင်မှ မြင်းခြံထောင်သို့ပြောင်းရွှေ့ခံခဲ့ရပြီး ရန်ကင်းပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ကိုသုတစိုးကိုလည်း ကျိုက်မရောထောင်မှ သာယာဝတီထောင်သို့ ထပ်မံပြောင်း ရွှေ့ခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရှိရသည်။

သာယာ၀တီထောင်ပြောင်းရွှေ့ခံရသော ကိုသုတစိုးသည် အင်းစိန်ထောင်မှ ကျိုက်မရောထောင်သို့ ပြောင်းရွှေ့ခံခဲ့ရပြီး ယခုတွင်မူ ကျိုက်မရောထောင်မှ သာယာဝတီထောင်သို့ ထပ်မံပြောင်းရွှေ့ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article