25 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၅ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ယမန်နှစ် ဧပြီလအတွင်း ဖမ်းဆီးခံခဲ့ရတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၁၂ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ – ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်ကပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးကျော်နဲ့ ဖားကန့် သပိတ် ခေါင်းဆောင် ကိုစိုင်းမောင်တို့ ၂ ဦးကို အကြမ်းဖက်စစ်တပ်က မနေ့ကနံနက်ပိုင်းမှာ မြစ်ကြီးနားမြို့ ၂၁ မိုင်ဂိတ်မှာ ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ – စစ်ကိုင်းတိုင်း အင်းတော်မှာ စစ်တပ်ပိုင် မြန်မာဘီယာ ၊ ဒဂုံဘီယာနဲ့ Andaman Gold ဘီယာတွေတင်လာတဲ့ ၆ ဘီးကားကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးပြီး ဖျက်ဆီးရှင်းလင်းလိုက်တယ်လို့ အင်းတော် Revolution-IRက သတင်းထုတ်ပြန်ပါတယ်။ – ကရင်နီ(ကယား)ပြည်နယ် ရှားတောမြို့နယ်မှာ ဩဂုတ် ၇ရက်ကနေ ၉ရက်အတွင်း တိုက်ပွဲလေး ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားခုနစ်ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article