25 C
Yangon

မုံရွာမြို့ရှိ စစ်ကောင်စီ၏ မအူဂိတ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြောက်ကျားဝင်ပစ်ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ မအူဂိတ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၂ နာရီခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြောက်ကျားဝင်ရောက်ပစ်ခတ်ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။

“ကျနော်တို့က အနီးကပ် ဝင်ပစ်တာ၊ ၆ ဦးထက်မနည်းသေတယ်ဆိုတာ မျက်မြင်တွေ့ရတာ” ဟု Chindwin Attack Force တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

၄၅ မိနစ်ဝန်းကျင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၄၀ မမ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မအူဂိတ်စခန်းကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၂၊ ၃၊ တပ်ရင်း ၄ ၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ အထူးစုံစမ်းစစ်ဆင်ရေးအဖွဲ့၊ Monywa Special ဒိတ်ဒိတ်ကြဲ PDF နှင့် အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု Northwest Plains Revolutionary Forces-NPRF တို့ ပူးပေါင်းကာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ – ပုသိမ်မြို့ရှိ စစ်ဆေးဂိတ် ၁ ခု (ပုံအေဟာင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article