30 C
Yangon

ကရင်နီပြည်နယ်၊ ဒေါပါပါးကျေးရွာကို အကြမ်းဖက်စစ်တပ်က ဂျက် တိုက်လေယာဉ်ဖြင့် တိုက်ခိုက်သဖြင့် စာသင်နေသည့် စစ်ရှောင်ကလေးငယ်များ ပုန်းခိုခဲ့ရ (ရုပ်/သံ)

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

ရှမ်း-ကရင်နီအစပ် လွိုင်လင်လေးမြို့ရှိ စစ်ရှောင်ပြည်သူများ နေထိုင်ရာ ဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက် တိုက်လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်ရှောင်ကလေးငယ်များ ပုန်းအောင်းနေရသည့် ရုပ်သံကို Free Burma Rangers အဖွဲ့က ယနေ့ ထုတ်ပြန်သည်။

လွိုင်လင်လေးမြို့အရှေ့ခြမ်းရှိ ဒေါပါပါးကျေးရွာကို ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က ဂျက် တိုက်လေယာဉ်များဖြင့် ၃ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Free Burma Rangers အဖွဲ့က ထုတ်ပြန်သော ဗီဒီယိုတွင် မူလတန်းအရွယ် ကလေးငယ်များ စာသင်နေချိန်တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုန်းခိုနေရခြင်းများ၊ ဘုရားစာရွတ် ဆုတောင်းနေခြင်းများ၊ ဂျက် တိုက်လေယာဉ်မှ ပစ်ခတ်သည့် အသံများ ပါရှိသည်။

အများပြည်သူနေထိုင်ရာ ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မထွက်ပြေးနိုင်သည့် အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article