By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၅ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -Khit Thit Media ကနေ အိန္ဒိယအစိုးရဆီကို ၀ဏ္ဏမောင်လွင် ဆက်သွယ်တဲ့ လျှို့ဝှက်စာ၊ မွေးမြူရေး ဒုဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ် လျှို့ဝှက်စာ နဲ့ ဝမ်းတွင်းမှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲခံရမှု လျှို့ဝှက် ကြေးနန်းစာတွေကို ဖော်ပြခဲ့ရာမှာ အဲ့ဒီ့ ဝန်ကြီးဌာန ကြေးနန်းစာတွေ ပေါက်ကြားမှုအတွက် ဝန်ထမ်း အယောက် ၁၀၀ နီးပါး ဖမ်းဆီး စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ -စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ မအူဂိတ်စခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကနေ ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက် အစောပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ – မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ တောင်ကန် ကျေးရွာ အနီးမှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ဩဂုတ်လ ၁၄ ရက်နေ့ က ဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။