30 C
Yangon

တောင်ငူ၊ ထန်းတပင်မြို့နယ်၊ ရှားစေးဖိုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရ

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ရှားစေးဖိုကျေးရွာအနီး ယနေ့ နံနက်ပိုင်း စစ်တပ်နှင့် KNU တပ်များအကြား တိုက်ပွဲဖြစ်ပွားနေပြီး လက် နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း‌ ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး အပြန်အလှန်ပစ်ခတ်သံများကြားရခြင်းဖြစ်ပြီး ယခု နံနက် ၁၁ နာရီခွဲကျော်သည်အထိ ပစ်ခတ်နေကြဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“အခု တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရှားဇီးဖိုမှာ တိုက်ပွဲပြင်းထန်နေပါတယ်။ လက်နှက်ကြီးအလုံး ၂၀ ကျော် ပစ်ခတ်သံဆက်တိုက်ကြားရတယ်။ မနက် ၉ နာရီကတည်းက စဖြစ်နေတာ။ အခု ၂ နာရီကျော်ပြီ ။ ပစ်သံတွေ ကြားနေရတုန်းပဲ။ တိုက်ပွဲပြင်းထန်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ထန်းတပင်မြို့အနီးတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်များ ပျံဝဲနေသည်ကို တွေ့ရကြောင်း၊ တိုက်ပွဲဖြစ်ပွားသော ရှားစေးဖိုကျေးရွာသည် ထန်းတပင်မြို့နယ်အထွက် ကျီးတော်ရွာ၏ အရှေ့ဘက် တောင်ခြေနားတွင် တည်ရှိနေသော ကျေးရွာဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article