30 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၅ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – ပြည်တွင်းမှာ စက်သုံးဆီ ပြတ်လပ်မှုတွေဟာ သတင်းအမှားတွေဆိုပြီး စစ်ကောင်စီက ပြောတဲ့အပြင် ဆီဆိုင်တွေကို အရောင်းရပ်တာ ၊ အကန့်အသတ်နဲ့ ရောင်းချတာတွေကို အရေးယူမယ်လို့ ရန်ကုန်တိုင်း အကြမ်းဖက် စစ်ကောင်စီက စာထုတ်ပြန်ထားပါတယ်။ -မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ မရမ်းချောင် ၊ နယ်ထိန်း- ရဲတပ်ကြပ်ကြီး စိုးဝင်း ရဲ့ ကားကို ဒေသတော်လှန်ရေး တပ်ဖွဲ့တွေကနေ မိုင်းဆွဲတိုက်ခိုက်ရာမှာ ကားပေါ်ပါလာတဲ့ ရဲအရာရှိ အပါအဝင် ရဲ ၃ ဦးစလုံး သေသွားတယ်လို့ ဒေသသတင်းရင်းမြစ် Kyaikhto Revolution and Information Network က ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။ -ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဘက်စစ်ကောင်စီတပ်မှ ရဲမှူး တစ်ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ပြီး တရားဥပဒေအရာရှိနှင့် ရုံးလုပ်သားတစ်ဦးကို အရှင် ဖမ်းမိခဲ့ကြောင်း၊ လက်နက် ၆ လက် ရရှိခဲ့ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article