32 C
Yangon

ကော့ကရိတ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနများ တိုက်ခိုက်ခံရမှုတွင် ရဲမှူး မင်းသန်း အပါအဝင် ရဲနှင့်စစ်သား ၇ ဦး သေဆုံးပြီး ရဲ ၄ ဦးနှင့် ဘဏ်ဝန်ထမ်းများ ဒဏ်ရာရဟု ရဲကြေးနန်းဖော်ပြ

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနများကို KNU နှင့် PDF ပူးပေါင်းတပ်များက ယနေ့ တိုက်ခိုက်ရာတွင် ရဲမှူး မင်းသန်းနှင့် ရဲ၊ စစ်သား ၇ ဦး သေဆုံးပြီး ရဲ ၄ ဦးနှင့် ဘဏ်ဝန်ထမ်းများ ဒဏ်ရာရရှိကြောင်း ရဲကြေးနန်းတွင် ဖော်ပြထားသည်။

ကော့ကရိတ်တွင် ယနေ့ သေဆုံးသွားကြသူများမှာ-

၁- ရဲမှူးမင်းသန်း
၂-ရဲတပ်ကြပ်ကြီး ပြည်စုံဝင်း
၃-ရဲတပ်ကြပ်ကြီး အောင်ကျော်ညွှန့်
၄-ရဲတပ်ကြပ်ကြီးစိုးဝင်း
၅-ရဲတပ်ကြပ်ကြီး အောင်ထွန်း
၆- ရဲဒုတပ်ကြပ် စိုင်းမင်း
၇- တပ်သား နိုင်လင်း (ခလရ-၉၇ ) တို့ဖြစ်ကြသည်။

ယနေ့ ဒဏ်ရာရရှိသူများမှာ

၁-ဒုတပ်ကြပ် ရန်နိုင်စိုး (မစိုးရိမ်ရ)
၂-တပ်ကြပ်ကြီး မောင်ဌေး မစိုးရိမ်ရ
၃- တပ်ကြပ်ကြီးမောင်လွင် (မစိုးရိမ်ရ)
၄-တပ်သား ရဲမြင့် (စိုးရိမ်ရ) တို့ဖြစ်ကြသည်။

(ဖေ့ဘုတ်စ်၏ စည်းမျဉ်းစည်းကမ်းများအရ ကိုယ်ပိုင်အမှတ်နှင့် မှတ်ပုံတင်များ ဖော်ပြခွင့်မရှိ၍ ဖျက်ထားရပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article