32 C
Yangon

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ အမြန်ဆုံးထွက်ခွာရန်နှင့် မလိုက်နာလျှင် နောက်ဆက်တွဲဖြစ်လာမည့် အကျိုးဆက်ကို တာဝန်မယူဟု သတိပေး

Must read

ရန်ကုန်၊ ဩဂုတ် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အာဏာရှင်စနစ်သက်ဆိုး ရှည်အောင် ဒေါက်တိုင်ပြုလုပ်ပေးနေသော Non-CDM ဝန်ထမ်းများအနေဖြင့် ကရင် ပြည်နယ်အတွင်းမှ အမြန်ဆုံးထွက်ခွာရန် ကရင်ပြည်နယ် ပြည်သူ့
ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ယနေ့ ထုတ်ပြန်သတိပေးလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တာတိုင်အဖြစ် ဆက်လက်လုပ်ဆောင်နေပါက ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို ကရင်ပြည်နယ် ပကဖ အနေဖြင့် တာဝန်မယူနိုင်ကြောင်းကိုလည်း သတိပေးထားသည်။

ယနေ့ ကရင်ပြည်နယ် ကော့ကရိတ်တွင် ရဲတပ်ဖွဲ့နှင့်စစ်ကောင်စီလက် အောက် ခံ ဌာနများ ပစ်ခတ်ခံရပြီး အနည်းဆုံး စစ်သားနှင့်ရဲ ၁၂ ဦးသေဆုံးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article