32 C
Yangon

ပုလဲတွင် ဖြစ်ပွားသော ၂ ရက်ဆက်တိုက် တိုက်ပွဲတွင် စစ်သား ၂၂ ဦးခန့်သေဆုံးပြီး PDF ရဲဘော် ၅ ဦးကျဆုံး၊ ရေစကြိုနှင့် မြိုင်တွင်လည်း စစ်တပ်နှင့် ယာဥ်တန်းများ တိုက်ခိုက်ခံရပြီး စစ်သား ၁၁ ဦးထက်မနည်း ထိခိုက်သေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၁၅

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော အကြမ် းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ သြဂုတ်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ထိတွေ့ တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၂၂ ဦးခန့် သေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော် (M.R.D.A) တပ်ဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၂ မိနစ် ခန့်တွင် ရွာသစ်ကျေးရွာ အနောက်ဘက် အနီး၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)မှ ကင်းပုန်းဝပ်ပြီး ဖြတ်တောက် တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ် ခန့်တွင် ပုထိုးသာ ရွာသစ်ကျေးရွာမှ ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးပြီး ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကမ္ဘားရပ်ကျေးရွာ အရှေ့ဘက်အနီးတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ထပ်မံ စောင့်ကြို တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်မှ စတင်ကာ ညနေ ၆ နာရီ ဝန်းကျင် အထိ ကမ္ဘားရပ်ကျေးရွာနှင့် ထိန္နဲကျေးရွာ အနီးတဝိုက်တွင် အကြမ်းဖက် စစ် တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကာ အကြမ်း ဖက် စစ်တပ် ဘက်မှ ၁၄ ဦးခန့် သေဆုံးခဲ့ပြီး မြန်မာ့တော်ဝင် နဂါးတပ်တော် အရှေ့ဘက် စစ်ကြောင်းမှ ရဲဘော် ၁ ဦးနှင့် အခြားဘက် စစ်ကြောင်းမှ ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြန်မာ့တော်ဝင် နဂါးတပ်တော်နှင့်အတူ ယင်းမာပင်ခရိုင် တပ်ရင်း(၁)၊ Royal Eagle တော်လှန်ရေးတပ်၊ ပုလဲJokerအဖွဲ့နှင့် ဒေသခံ တော်လှန်ရေး တပ်ပေါင်းစုများက ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရင်ပေါင်တိုင်၊ ပုထိုးသာနှင့် ရွာသစ်ကျေးရွာများရှိ ပြည်သူပိုင် နေအိမ်များကို သြဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ စိတ်ကြိုက် လုယက်ခိုးယူပြီး ဖျက်ဆီးခဲ့ကာ သြဂုတ် ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများမှ သေဆုံးသွားသော စစ်သား အလောင်းများကို ကမ္ဘာရပ်ကျေးရွာနှင့် ရွာနောင်ကျေးရွာများရှိ ပြည်သူ့ပိုင် နေအိမ်များအတွင်း ထည့်ကာ ဖျက်ဆီးမီးရှို့သွားကြောင်း သိရသည်။

အလားတူ မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ လှေခုတ်ရွာကို မီးရှို့ ဖျက်ဆီးပြီး အရှေ့ဘက် ဆင်တဲရွာမ ဘက်သို့ ဆုတ်ခွာသွားသော စစ်ကောင်စီ စစ်ကြောင်းကို သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Black Wolf PDF-MDY တပ်ဖွဲ့ နှင့်အတူ Phoenix အထူးပြောက်ကျား တပ်ဖွဲ့ ၊ YLK ပြောက်ကျားတပ်ဖွဲ့၊ Thwaythauk Revolution Force၊ Myingyan ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်၊ Wlof Brothers စသည့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း မြိုင်မြို့နယ် တဲကြီးနှင့် နယ်သတ်ရွာ အကြားတွင် ကမ္မမှ ကျောက်ခွက်-ဖလံကိုင်းဘက်သို့ ရိက္ခာပို့လာသော စစ်ကား ၂ စီးကို သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၇ မိနစ်တွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကင်းပုန်းများပါ မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း မြိုင် PDF တပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article