35 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်များ ထပ်မံ ချမှတ်မှု အာဆီယံဘုံသဘော တူညီချက် ၅ ရပ်ကို စစ်ကောင် စီက ဂရုမစိုက်ကြောင်း ထပ်မံပြသ၊ NUG ၊ NUCC နှင့် ဆက်ဆံကြရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထပ်မံ တိုက် တွန်း

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

အကြမ်းဖက်စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့တွင် ထောင် ဒဏ်များ ထပ်မံ ချမှတ်ခြင်းသည် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက ဂရုမစိုက်ကြောင်း ထပ်မံပြသလိုက်ခြင်းဖြစ်ပြီး NUG ၊ NUCC နှင့် ထိတွေ့ ဆက်ဆံကြရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ထပ်မံ တိုက်တွန်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ထပ်လောင်းစီရင်ချက်ချခြင်းနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူလေးဦးအား မကြာသေးမီက ကွပ်မျက်လိုက်ခြင်းသည် မြန် မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ခိုင်မာပြီး အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် အာဆီယံငါးရပ် သဘောတူညီချက်ကို ဖြည့်ဆည်းပေးရန် အာဆီယံခေါင်းဆောင်များ၏ တောင်းဆိုမှုကို စစ်အစိုးရက အကြိမ်ကြိမ် လျစ်လျူရှုမှုအဖြစ် သက်သေ ပြနေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး က ဆိုသည်။

မလေးရှားနိုင်ငံသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေပြီး ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး လွှတ်ပေးရန် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ငြိမ်းချမ်းစွာ ပါဝင်ဆွေးနွေးရေး လုပ်ငန်းစဉ် စတင်ရန် တောင်းဆိုကြောင်း ၎င်းက တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article