35 C
Yangon

ရန်ကုန်၊ အင်းလျားလိတ်ဟိုတယ်လမ်းရှိ ကထပတပ်ဖွဲ့ ဝင်းမြေနေရာတွင် ရုရှားစစ်ဘက်ကိုယ်လှယ်များအတွက် မြေနေရာပေး၊ ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူသိုလှောင်ဖြန့်ဖြူးရေး ကော်မတီဖွဲ့စည်းပြီး ဆီများ စတင်သယ်ယူ

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အင်းလျားလိတ်ဟိုတယ်လမ်းရှိ ကာကွယ် ရေးပစ္စည်း ထုတ်လုပ်မှု တပ်ဖွဲ့၊ ပစ္စည်းထိန်းတပ် (ကထပ) တပ်အတွင်းရှိ မြေနေရာကို ရုရှားစစ်ဘက်ကိုယ်စားလှယ်များ အခြေစိုက်ရန် ပေးအပ်ထားကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်မြို့၊ အင်းလျားလိတ် ဟိုတယ်လမ်း၊ အင်းယားလိပ်ဟိုတယ်နှင့် မျက်နှာ ချင်းဆိုင် မြေဧရိယာ အကျယ်အဝန်းသည် ဧက ၅၀ ကျော်ခန့် ကျယ်ဝန်း ကြောင်း၊ ကထပ တပ်ဝင်းတွင် ရုရှားတို့အနေဖြင့် မြေနေရာနှင့် အဆောက် အအုံ ဆောက်လုပ် ရုံးစိုက်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ယင်းမြေနေရာတွင် ရုရှားစစ်တပ်မှ ကိုယ်စားလှယ်များအတွက် လာရောက် ရုံးထိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း ရုရှားနိုင်ငံ စက်သုံးဆီ ဝယ်ယူသိုလှောင် ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီကို ဩဂုတ်လ ၁ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး ယင်းအဖွဲ့တွင် စစ်တပ်ပိုင် MEC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးညိုစောက ဦးဆောင်ကာ ၊ အဖွဲ့ဝင်များအဖြစ် ဦးသန့်စင်၊ ဒုဝန်ကြီး စွမ်းအင်၊ ဦးမင်းမင်း အမြဲတမ်းအတွင်း ဝန်၊ ဦးလှဝင်း အမှုဆောင် အရာရှိချုပ် Star High ၊ ဦးဆန်းနောင် Brighter Energy ၊ ဦးဝင်းဆွေ Best Oil ၊ ဦးတင်ရဲဝင်း ညွှန်ချုပ်၊ စီးပွား/ကူးသန်း၊ ဦးမောင်မောင်နိုင် ၊ ရဲတံခွန် ကုမ္ပဏီ၊ ဦးရွှေမော်၊ ညွှန်ချုပ်၊ စွမ်းအင်၊ ဦးမောင်မောင်ကျော်၊ မန်နေဂျာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ စုစုပေါင်း ၁၀ ဦး ပါဝင်ကြောင်း သိရှိရသည်။

လက်ရှိတွင် ရုရှားနိုင်ငံမှ စက်သုံးဆီများ စတင်သယ်ယူနေပြီး လမ်းခရီးတွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ စက်သုံးဆီများ တင်သွင်းရာတွင် ငွေပေးချေ ဝယ်သည့်စနစ်အပြင် ကုန်ပစ္စည်းချင်းလဲလှယ်သည့်စနစ်ကိုပါ အသုံး ပြု မည်ဖြစ်ကြောင်း၊ ရုရှားတို့လိုချင်သော ပစ္စည်းများနှင့် မြန်မာအတွက် စက်သုံးဆီ လဲလှယ်သည့် ပုံစံဖြင့် ကုန်သွယ်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article