28 C
Yangon

ချောက်၊ ဝက်ဘာကျေးရွာရှိ ပျူစောထီး ခေါင်းဆောင်ကို ပြောက်ကျား တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းပြီးနောက် စစ်တပ်က ကျေးရွာနေ ပြည်သူ ၄၀ ကျော်ကို ရိုက်နှက် ဖမ်းဆီးထား

Must read

ရန်ကုန်၊ သြဂုတ် ၁၇

မကွေးတိုင်း ချောက်မြို့နယ် စလင်းတောင်အုပ်စု ဝက်ဘာကျေးရွာရှိ ပျူစောထီး ခေါင်းဆောင်ကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့ ၂ ဖွဲ့က ရှင်းလင်းပြီးနောက် ကျေးရွာနေ ပြည်သူ ၄၀ ကျော်ကို စစ်တပ်က အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးထားကြောင်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်အင်းကြင်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ချောက်မြို့နယ် ဝက်ဘာကျေးရွာနေ စစ်တပ် သတင်းပေး ပျူစောထီး ခေါင်းဆောင် စိုးငြိမ်းနှင့် ဇနီးဖြစ်သူ စန်းစန်းတို့ကို သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် မြို့ပြ ကျေးလက်မခွဲခြား ဥဩငှက်များ (Ug) ပြောက်ကျား အဖွဲ့နှင့် C .H .K ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းကာ ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း သိရသည်။

မြို့ပြ ပြောက်ကျားတပ်ဖွဲ့များက ပျူစောထီးခေါင်းဆောင် စိုးငြိမ်းကို ရှင်းလင်းပြီးနောက် ၎င်း၏ ဇနီးဖြစ်သူ စန်းစန်းသည် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များကို ဖုန်းဖြင့် သတင်းလှမ်းပေးခဲ့သောကြောင်း၊ ဇနီးဖြစ်သူကိုပါ ပစ်ခတ် ရှင်းလင်းခဲ့ရကြောင်း၊ အဆိုပါ ပျူစောထီး ခေါင်းဆောင်ထံမှ ဆိုင်ကယ် ၁ စီးနှင့် ဖုန်း ၄ လုံးကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့များမှ သိမ်းဆည်းခဲ့ပြီး ဖုန်းထဲတွင် စစ်တပ်ထံ သတင်းပေးထားသော အချက်အလက်များကို တွေ့ရိခဲ့ကြောင်း သိရသည်။

အဆိုပါ ပျုစောထီး ခေါင်းဆောင် ပစ်သတ်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာထဲကို ရောက်ရှိလာကာ ပြည်သူ ၄၀ ကျော်ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး အနီးအနား ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများပါ ဖမ်းဆီးခံရကာ ဝက်ဘာ ကျေးရွာကို စစ်တပ်က မီးရှို့မည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရသည်။

” ပျူစောထီး ခေါင်းဆောင် စိုးငြိမ်းနဲ့ ဇနီးဖြစ်သူကို စန်းစန်းကို ကျန်တော်တို့ မြို့ပြ ကျေးလက်မခွဲခြား ဥဩငှက်များ (Ug) ပြောက်ကျား အဖွဲ့နှင့် C .H .K ပြောက်ကျားတပ်ဖွဲ့ တို့ကရှင်းလင်းခဲ့တာ ပြည်သူတွေ မဆိုင်ပါဘူး။ အခုက စစ်ခွေးတွေက ပြည်သူ ၄၀ ကျော်ကို ရိုက်နှက် ဖမ်းဆီးထားပြီး ရွာကိုလည်း မီးရှို့မယ်လို့ ခြိမ်းခြောက်နေတယ်။ ဒီကိစ္စက ပြည်သူတွေနဲ့ လုံးဝ မသက်ဆိုင်ဘူး။ စစ်ခွေးတွေက သူတို့လူထိလို့ ဘာလက်နက်မှ မရှိတဲ့ ပြည်သူတွေကို ရမ်းနေတယ်” ဟု မြို့ပြ ပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်အင်းကြင်းကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article