ရန်ကုန်၊ ဩဂုတ် ၁၇
မင်းအောင်လှိုင် က ဩဂုတ်လ ၁ ရက်နေ့ ဖွဲ့စည်းလိုက်သော ရုရှားစက်သုံးဆီ ဝယ်ယူရေးကော်မတီတွင် သားဖြစ်သူ အောင်ပြည့်စုံပိုင် Yetagon Energy Trading ကုမ္ပဏီက အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။
ရုရှားနိုင်ငံ စက်သုံးဆီ ဝယ်ယူသိုလှောင် ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီတွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပို ရေးရှင်း MEC ဥက္ကဋ္ဌ ညိုစောကို ကော်မ တီ ဥက္ကဋ္ဌ အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ထားသည်။
ယင်းကော်မတီတွင် ပုဂ္ဂလိကဏ္ဍမှ ၄ ဦးပါဝင်ပြီး အောင်ပြည့်စုံပိုင် Yetagon Energy Trading ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် မောင်မောင်နိုင်က အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ KBZ ဘဏ်ပိုင်ရှင် အောင်ကိုဝင်းပိုင် Brighter Energy မှ ဒါရိုက်တာဆန်းနောင်က အဖွဲ့ဝင်အဖြစ် လည်းကောင်း ၊ စစ်တပ်ပိုင် Star Hight မှ အမှုဆောင်အရာရှိချုပ် လှဝင်းက အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ခရိုနီ Best Oil ဥက္ကဋ္ဌ ကုမ္ပဏီ ဝင်းဆွေကလည်း အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင် ကြောင်း သိရှိရသည်။
” Yetagon မှာ မောင်မောင်နိုင်က အမှုဆောင်အရာရှိချုပ် ။ ဥက္ကဋ္ဌ က မင်းအောင်လှိုင်သား အောင်ပြည့်စုံပါ။ လုပ်နေတဲ့ စီးပွားရေးက မျိုးစုံပါပဲ။ နာမည်အမျိုးမျိုးနဲ့ ” ဟု ခိုင်လုံ သော သတင်းရင်းမြစ်က ပြောသည်။
ရုရှားနိုင်ငံ စက်သုံးဆီ ဝယ်ယူသိုလှောင် ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီတွင် အဖွဲ့ဝင် ၁၀ ဦး ပါဝင်သည်။