28 C
Yangon

ကနီမြို့နယ်၊ ကင်းကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ် ၄စီး ဖြင့် တိုက် ခိုက် ပြီး စစ်အင်အား ၁၀၀ ခန့်ချထား၊ ကျေးရွာကို စစ်တပ်က ဝင်စီး ပစ်ခတ်နေပြီး ပြည်သူ ၁၀၀ ဦးဝန်းကျင် ပိတ်မိနေ

Must read

ရန်ကုန်၊ ဩဂုတ် ၁၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ကင်းကျေးရွာကို စစ်ကောင်စီတပ် က ရဟတ်ယာဉ် ၄စီးဖြင့် ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပစ် ခတ်တိုက်ခိုက်မှုများ ပြုလုပ်သဖြင့် ပြည်သူ ၁၀၀ ဦးဝန်းကျင် ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကင်းကျေးရွာကို ရဟတ်ယာဉ်ပေါ်မှနေ၍ ပစ်ခတ်ပြီး အခြားရဟတ်ယာဉ်များက လည်း စစ်အင်အား ၁၀၀နီးပါးခန့်ချကာ ကင်းရွာမှ ပြည်သူများကို ပစ်ခတ် ပိတ်ဆို့ သတ်ဖြတ် ဖမ်းဆီးများလုပ်ဆောင်နေကြောင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရုတ်တရက်ကြီး ထင်မှတ်မထားဘဲ အခုလို ပစ်ခတ် ဖမ်းဆီးတာ ခံလိုက်ရတ ယ်။ ဘာတွေဖြစ်လို့ ဖြစ်မယ်ဆိုတာကတော့ အတိကျမပြောနိုင်သေးဘူး ။ ပိတ်မိတာတော့အတော်များတယ်။ မြေပြင်မှာက ဘယ်တိုက်ပွဲမှ မဖြစ်ဘူး။သင်တော်ရွာဆိပ်ကမ်းမှာ သူတို့မော်တော် အောက်ကိုစုန်ဆင်းဖို့ရာ‌ရှိတယ်။ အဲဒါကို လုံခြုံရေးယူပေးရင်း အခုလိုမထင်မှတ်ဘဲ ဝင်စီးတာ။ သူတို့ ဖမ်းတာက PDF မမိဘူး။ ပြည်သူတွေကို ဖမ်းနေတာ။ ပိုဆိုးတာက ကျွန်တော်တို့ရွာမှာ အသုဘချနေတဲ့အချိန် ဖမ်းတာဆိုတော့ ပိုဆိုးတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကင်းရွာသည် ကနီမြို့နယ် ချင်းတွင်မြစ်ကမ်းဘေးရှိ ကျေးရွာတစ်ခုဖြစ်ပြီး ဇူ လိုင်လအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု ခံခဲ့ရသော ကျေးရွာဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article