26 C
Yangon

ကနီမြို့နယ်တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် တော်လှန်ရေး ဒေသခံ ပြည်သူများ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ သြဂုတ် ၁၇

ကနီမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဒေသခံ ပြည်သူများနှင့် ကနီမြို့နယ် နွေဦးတော်လှန်ရေး သပိတ် အင်အားစုတို့ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အမြတ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

သပိတ် စစ်ကြောင်းသည် ကျေးရွာအတွင်း လှည့်လည်ခဲ့ပြီး ဗုဒ္ဓ၏ အဆိုအမိန့်ဖြစ်သော သမဂ္ဂါနံ တပေါ သုခေါ စည်းလုံး ညီညွတ်ခြင်းသည် ချမ်းသာ ကိုဆောင်၏ စာတန်း ကိုင်ဆောင်ကာ မတရား အာဏာသိမ်းသည့် စစ်ကောင်စီအား စည်းလုံးညီညွတ်စွာ တော်လှန်ကြရန် လှည့်လည် ကြွေးကြော် ဆန္ဒပြခဲ့သည်။

ထို့နောက် NUG ကာကွယ်ရေးအလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ကြွေလွင့် သွားသော အာဇာနည်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွတ်အလေးပြုခြင်း ၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်း အားလုံးတို့အား လွမ်းဆွတ်တမ်းတသတိရသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း၊ သွေးစည်းညီညွတ်ရေး အာဏာရှင်ဆန့်ကျင်ရေး တေးသီချင်းများ သံပြိုင်သီဆိုခဲ့သည်။

သပိတ် စစ်ကြောင်း ချီတက်မှု အပြီးတွင် ဓမ္မနှင့် အဓမ္မ တိုက်ပွဲတွင် စည်းလုံးညီညွတ်စွာ တော်လှန်ကြရန် အရေးကြီးကြောင်းကို သပိတ်ဦးဆောင်သူများ၊ CDM ကျောင်း ဆရာ ဆရာမများ ၊ အမျိုးသမီးအရေးတတ်ကြွလှုပ်ရှားသူများမှ အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article