ရန်ကုန်၊ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ လေးအိမ်စု(ခ) မြောင်းလှကို ဝင်ရောက်ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီတပ်များသည် အနီးပတ် ဝန်းကျင်တွင် လယ်စိုက်နေသော လယ်သမား ကိုအောင်ဌေးဝင်း ၊ဦးဖိုးနီ ကို ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်လိုက်ပြီး အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဩဂုတ် ၁၆ ရက်နေ့ နံနက် ၆ နာရီ အင်အား၅၀ခန့်ရှိသော စစ်တပ် စစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ UG စခန်းတစ်ခုကို ဝင်ရောက် စီးနင်းခဲ့ရာ UG ရဲဘော်များ လွတ်မြောက်သောလည်း စခန်းအနီးတွင် လယ်လုပ်နေသော ရွာသား ၂ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားကြောင်း PDF Kalay တပ်ရင်း ၂ က ပြောသည်။
“လေးအိမ်စုက အိမ် ၂ လုံးကို မီးရှို့တယ်၊ လယ်လုပ်ဖို့လာတဲ့ သာစည်ကျေးရွာက အပြစ်မဲ့ ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်သတ်သွားပါတယ်။ တစ်ယောက်က ဦးဖိုးနီ၊ နောက်တစ်ယောက်က သူ့ရဲ့ သားမက် ဌေးဝင်းအောင်။ သာစည်ရွာက လေးအိမ်စုရဲ့ အရှေ့ဘက်မှာ ရှိတာ” ဟု PDF Kalay တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ယင်းနောက် လေးအိမ်စုကျးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာ ကွယ်ရေးတပ်များက ပြန်လည်ထိုးစစ်ဆင်ရန် လေးအိမ်စုကျေးရွာသို့ချဥ်းကပ်သော်လည်း စစ်တပ်က လက်ပံခုံ ကျေးရွာမှာတဆင့် ကလေးမြို့ ဒကစ တပ်အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း ကလေး PDF က သတင်းထုတ်ပြန်ထားသည်။