25 C
Yangon

မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ပျူစောထီးတပ်ဖွဲ့ မိုင်းခွဲခံရပြီး ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး ကားလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများကို ယမန်နေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၆ နာရီခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ပျူစောထီးများသည် ချောင်းဦးမြို့နယ်၊ တောပုကျေးရွာမှတဆင့် မုံရွာ-မန္တလေးကားလမ်းမကြီးပေါ်သို့ တက်လာပြီး လမ်းသွားလမ်းလာများထံမှ ပိုက်ဆံတောင်းယူနေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကို PDF-South Monywa၊ Monywa Ranger Group – Truth Army၊ Black Hunter People’s Task Force၊ Anyar Defence Force တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း PDF – South Monywa က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်တပ်က ပျူစောထီးများကို စစ်သင်တန်းပေးနေစဉ် (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article