ရန်ကုန်၊ ဩဂုတ် ၁၈
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ၌ အကြမ်းဖက်စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU ကြား ယမန်နေ့ ဩဂုတ်လ ၁၇ ရက် ညနေတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ဦးခန့် သေဆုံးနိုင်ကြောင်း KRU က သတင်းထုတ်ပြန်သည်။
ယမန်နေ့ ညနေ ၄ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကာ တိုက်ပွဲ ပြင်းထန်ခဲ့ကာ KRU ဘက်မှ ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်သည် ပြည်သူပိုင်နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် လက်နက်ကြီးများ တရစပ် ပစ်ခတ်မှုကြောင့် KRU ဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း KRU က သတင်းထုတ်ပြန်ထားသည်။