ရန်ကုန်၊ ဩဂုတ် ၁၈
အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက တည်ဆောက်ခွင့်ရရှိပြီး ဆောက်လုပ်ပြီးစီးသွားပြီဖြစ်သော အမှတ် ၁ စစ်ဆေးရုံကြီး အထူးကုသမှုစင်တာ ကုတင် ၁၀၀၀ အကြောင်း ခေတ်သစ်က သတင်းဖော်ပြရာတွင် KIO ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ယင်းဆေးရုံသည် “နည်းနည်းများ သေးငယ်နေမလား” ဟု မှတ်ချက်ပြုလိုက်သည်။
လူမှုကွန်ရက်တွင် Gunmaw Sumlut အမည်ဖြင့် ဖေ့ဘုတ်စ်အကောင့် ဖွင့်လှစ်ထားသော KIO ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က “ခုတင် ၁၀၀၀ ဆိုတော့ နဲနဲများ ငယ်နေမလားလို့….” ဟု မှတ်ချက်ပြု ရေးသားထားခြင်းဖြစ်သည်။
KIO ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ မှတ်ချက်သည် မြန်မာလူမှုကွန်ရက် အသုံးပြုသူများအကြားတွင် သေဆုံးဒဏ်ရာရမှုများနေသော စစ်တပ်အတွက် ခုတင်များစွာပါသော ဆေးရုံအကြီးကြီးများ ထပ်မံလိုသည်ဆိုသော ယူဆချက်များဖြင့် ပြန်လည် မျှဝေလျက်ရှိကြောင်း သိရှိရသည်။