24.8 C
Yangon

ဖရူဆိုမြို့နယ်၊ ဆိုလျားကူးကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့နှင့် ကရင်နီပူးပေါင်းအဖွဲ့ တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဆိုလျားကူးကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး လက်ဖြောင့်တပ်ဖွဲ့၊ KNDF လက်ဖြောင့်တပ်ဖွဲ့၊ လွိုင်ကော် PDF လက်ဖြောင့်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ရာ ဩဂုတ်လ ၁၄ ရက်နှင့် ၁၆ ရက်တွင် စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၁၄ ရက်နေ့ တိုက်ခိုက်မှုတွင် စစ်သား ၁ ဦးသေဆုံးခဲ့ပြီး ဩဂုတ်လ ၁၆ ရက် တိုက်ခိုက်မှုတွင် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အာဏာရှင် စစ်ကောင်စီ အမြစ်ပြတ် ကျဆုံးရန် ညီနောင်မဟာမိတ်များနှင့်ပူးပေါင်းကာ ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်သွားမည်ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article