31 C
Yangon

ကန့်ဘလူတွင် စစ်ဆေးရေး ဂိတ်ဖွင့် ငွေတောင်းသည့် ပျူစောထီး ခေါင်း ဆောင် နှင့် မြိတ်မြို့မှ ပျူစောထီး အဖွဲ့ဝင်တို့ ပစ်ခတ်ခံရပြီးသေဆုံး၊ပေါင်တည်တွင်လည်း သတင်းပေးဟု သတ် မှတ်ခံရသူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၁၈

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ပျူစောထီး ခေါင်းဆောင် ညိုဝင်းနိုင်ကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၅ နာရီ ၃ဝ မိနစ်ခန့်က လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ကန့်ဘလူ UG (KBU)အဖွဲ့က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း Kanbalu Underground Warriors အဖွဲ့ထံမှ သိရသည်။

ပစ်ခတ်ခံရသော ပျူစောထီးခေါင်းဆောင် ညိုဝင်းနိုင်နှင့် လက်ဖက်ရည်ဆိုင် အတူထိုင်နေသူ တစ်ဦးကို Kanbalu Underground Warriors အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက် ကန့်ဘလူ ဆေးရုံသို့ ပို့ဆောင်စဉ် ညိုဝင်းနိုင်သည် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပျူစောထီးခေါင်ဆောင် ညိုဝင်းနိုင်သည် ကိုယ်ပိုင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး အကြောင်း အမျိုးမျိုးပြ ဆက်ကြေးကောက်ခံနေသူဖြစ်ပြီး ဒေသခံ ပြည်သူများကို နေ့စဉ်ခြိမ်းခြောက် ပြောဆိုခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး ငွေညစ်ခြင်း၊ လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များ အကြောင်းမဲ့ ဖမ်းဆီး ငွေညစ်ခြင်းနှင့် ပြည်သူပိုင် ကားနှင့်ဆိုင်များကို အကြောင်းမဲ့ သိမ်းယူ ခြင်းများ လုပ် ဆောင်နေသူဖြစ်ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

“ပြည်သူတွေကတော့ ညိုဝင်းနိုင်သေတာ ဝမ်းသာကြတယ်။ သူက အရမ်းဆိုးတယ်။ ဆဲဆိုပြီး လူငယ်တွေကို အိမ်ပေါ်အထိ တက်ရိုက်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ တနင်္သာရီတိုင်း မြိတ်မြို့ အောင်ချမ်းသာ ရပ်ကွက် ပျူစောထီးအဖွဲ့ဝင် ရာအိမ်မှူး အောင်သန်းကို သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြိတ်မြို့ ကုန်တိုက်အနီးတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ပျူစောထီးအဖွဲ့ဝင် အောင်သန်းကို မြိတ် ပကဖ နှင့် မြိတ်ခရိုင် တပ်ရင်း(၂) တို့မှ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပူးပေါင်း ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ အောင်သန်း ပစ်ခတ်ခံရပြီးနောက် မြိတ်မြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းအုပ်စု ကိုင်းကွင်းကျေးရွာမှ ကျော်ကျော်လွင်(ခ)မွတ်တား နှင့် သစ်ပုပ်အုပ်စု လက်ပံခုန်ကျေးရွာမှ ကျော်ကျော်ဦးတို့သည် စစ်တပ် သတင်းပေးခြင်း၊ လမ်းပြခြင်း၊ ကူညီထောက်ပံ့ခြင်းဖြင့် PDF နှင့် ပြည်သူတို့အား အခက်တွေ့စေရန် လုပ်ဆောင်နေခြင်းကြောင့် ပြည်ခရိုင်တွင် အရိပ်မဲ့ပျောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလိုက်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ကန့်ဘလူ၊ ဇီးကုန်းမြို့ ပျူစောထီး ခေါင်းဆောင် ညိုဝင်းနိုင် သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article