27 C
Yangon

Khit Thit သတင်းဌာန၏  ဩဂုတ် ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့  ဩဂုတ် ၁၈ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့

– ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဆိုလျားကူး- ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင် စီတပ်ဖွဲ့ကို အလယ်ပိုင်းတိုင်း ၊ အထူးစစ်ဆင်ရေး Sniper တပ်ဖွဲ့ ၊ KNDF Sniper တပ်ဖွဲ့ ၊ လွိုင်ကော် PDF Sniper တပ်ဖွဲ့တို့ကနေ ပူးပေါင်းတိုက်ခိုက်ရာမှာ ဩဂုတ်လ ၁၄ ရက်နေ့ နဲ့ ၁၆ ရက်တွေမှာ စစ်ကောင်စီဘက်က ၄ ဦး  သေသွားတယ်လို့ သိရပါတယ်။

– မွန်ပြည်နယ်၊ သံဖြူဇရပ်- ရဲစခန်းကို ဩဂုတ်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်လောက်မှာ သေနတ် သမား ၄ ဦးက လာရောက်ပစ်ခတ်ရာမှာ ရဲ ၂ ဦး သေပြီး ၊ လာရောက်ပစ်ခတ်သူထဲက တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– “မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်” ၊ “အနီထဲမှာ ကြယ်ဖြူဝင့်လို့ ဒို့ပြည်သူတွေ တော်လှန်ရေးကို သွေးနဲ့ရင်းမယ်ဟေ့” ဆိုတဲ့ ကြွေးကြော်သံနဲ့ တော်လှန်ရေးကျောင်းသား လူငယ်တွေက ဟစ်ကြွေး ဆန္ဒပြခဲ့ကြပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article