31 C
Yangon

တန့်ဆည်မြို့တွင် ၂ ရက်တာတိုက်ပွဲအတွင်း စစ်သား ၁၅ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် PDFပူးပေါင်းအဖွဲ့တို့ ဩဂုတ်လ၁၅ရက်မှ ၁၇ရက်အထိ ထိတွေ့တိုက်ပွဲ၅ကြိမ် ဖြစ်ပွားခဲ့ပြီး စစ် သား၁၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

အင်အား၂၀၀ ပါ စစ်ကြောင်းကို တန့်ဆည်PDF ပူးပေါင်းအဖွဲ့က ဩဂုတ်လ ၁၅ ရက် နေ့ ခပေါင်းကြိုင်ရွာတွင် တစ်ကြိမ်၊ ဩဂုတ်လ ၁၆ ရက်နေ့ အင်တိုင်းရွာအဝင်တွင် တစ်ကြိမ်၊ ဩဂုတ်လ၁၇ ရက်နေ့ ကံပေါက်ရွာအဝင်တွင် တစ်ကြိမ် မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း PDF သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဩဂုတ်လ၁၇ရက်နေ့တွင် တန့်ဆည်မြို့အနောက် ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုးလာစဉ် PDFပူးပေါင်းအဖွဲ့များနှင့် နံနက်၉နာရီမှစ၍ တိုက်ပွဲ၂ကြိမ် ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စနိုက်ပါကျည်ထိမှန်သဖြင့် စစ်သား၅ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများတွင် တန့်ဆည်PDF တပ်ရင်း(၆)၊ တပ်ရင်း(၇)မှ Dragon Worriersတပ်ခွဲနှင့် Taze Phoenixတပ်ခွဲ၊ တပ်ရင်း(၈)၊ Taze Tiger၊ SAF (Upper Burma)နှင့် ပကဖတို့ ပူးပေါင်း တိုက်စစ်ဆင်ခဲ့ကြပြီး ပူးပေါင်းအဖွဲ့မှ ရဲဘော် ၁ဦး၏ပါးကို လက်နက်ကြီးစထိမှန်၍ မစိုးရိမ်ရ ဒဏ်ရာသာရရှိခဲ့ကြောင်း သိရသည်။

“မိုင်း၃ကြိမ်ဆွဲတာ စခ၁၀ကောင်ထက်မနည်းသေတယ်၊ မိုင်းမိတဲ့အနားမှာ စခတွေရဲ့ သွေးစတွေ ကျန်ခဲ့‌တာ တွေ့ရတယ်။ စနိုက်ပါကြောင့်လည်း ၅ ကောင်‌ သေတာ အတည်ပြုနိုင်တယ် ။ သူတို့လက်နက်ကြီးထုတာ ရွာတွေထဲကျလို့ အိမ် တွေပျက်စီးတယ်လို့လည်း ကြားတယ်”ဟု PDFသတင်းရင်းမြစ်က ပြောသည်။

အထိနာသော စစ်ကောင်‌စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သဖြင့် တနယ်ရွာနှင့် ကိုးတောင်ပို့ရွာထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့ပြီး ကိုးတောင်ပို့ရွာမှ နေအိမ်တစ်လုံး ထိမှန် ပျက်စီးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် တပ်မ(၉၉)လက်အောက်ခံ မိတ္ထီလာအခြေစိုက် ခမရ(၁၁၃)ဖြစ်ပြီး ဩဂုတ်လ၁၆ရက်တွင် အင်တိုင်းရွာမှ မီးကင်းတဲ၂လုံး၊ ဩ ဂုတ်လ၁၇ရက်တွင် ကံပေါက်ရွာမှ နေအိမ်၇လုံး၊ ကိုးတောင်ပို့ရွာမှ နေအိမ် ၁၃ လုံးနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တန့်ဆည် PDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article