30 C
Yangon

ကနီမြို့နယ် ကျေးရွာတစ်ရွာ၌ ‘လက်နက်ကိုင် လက်နက်မဲ့ တော်လှန်ရေး အတူချီ၊ စစ်ခွေးတပ်ကို အမြစ်ဖြတ်မည်’ စာသားကိုင်ဆောင်ကာ ချီတက်ဆန္ဒပြ

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျေးရွာတစ်ရွာ၌ ၅/ကနန သပိတ်စစ်ကြောင်း ယနေ့ ဩဂုတ်လ ၁၈ ရက်တွင် ချီတက်ပြီး ‘လက်နက်ကိုင် လက်နက်မဲ့ တော်လှန်ရေး အတူချီ၊ စစ်ခွေးတပ်ကို အမြစ်ဖြတ်မည်’ စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြသည်။

ထို့နောက် NUG ကာကွယ်ရေးအလံတော်အား အလေးပြုခြင်း၊ ခေတ်အဆက်ဆက်နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံး ကြွေလွင့်သွားသော အာဇာနည်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ဦးညွတ်အလေးပြုခြင်း၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်း အားလုံးတို့အား လွမ်းဆွတ်တမ်းတ သတိရသောအားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း၊ သွေးစည်းညီညွတ်ရေး အာဏာရှင်ဆန့်ကျင်ရေး တေးသီချင်းများ သံပြိုင်သီဆိုခြင်းများပြုလုပ်ခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article