ရန်ကုန်၊ သြဂုတ် ၁၉
လက်ပံတောင်းတောင်ဒေသခံ ပြည်သူများ ဦးဆောင်သော လက်ပံတောင်းတောင် သပိတ် စစ်ကြောင်း ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
လူထု သပိတ်စစ်ကြောင်းသည် “စစ်ကျွန်စနစ်က လွတ်မြောက်ရေး ရုန်းကြ ထကြ တော်လှန်ကြဟေ့” ကြွေးကြော်သံများဖြင့် ချီတက်ခဲ့ကြပြီး တော်လှန်ရေးကို သွေးမအေးပဲ သွေးမကြောင်ပဲ ဆက်လက် လှုပ်ရှားပါဝင်ကြဖို့ နှိုးဆော်တိုက်တွန်းခဲ့ကြောင်း သိရသည်။
Photo – Black Ko