24 C
Yangon

“ကျောင်းသားထုအောက် အာဏာရှင် ပြားပြားဝပ်စေရမည်” စာတန်း ကိုင်ဆောင်ကာ လောင်းလုံးကျောင်းထု ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ သြဂုတ် ၁၉

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ (လောင်းလုံးမြို့နယ်)မှ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် “ကျောင်းသားထုအောက် အာဏာရှင် ပြားပြားဝပ်စေရမည်” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

” ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေဟာ ကျောင်းသားထုကို ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ကြတာချည်းပါပဲ။ လမ်းမပေါ်က ကျောင်းသားတွေရဲ့ ဒို့အရေး ဒို့အရေး ဆိုတဲ့ ကြွေးကြော်သံတွေဟာ အာဏာရှင်တွေ အကြောက်ရဆုံးအသံတွေပဲ။ စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုအောက်မှာ ကျောင်းသားထုတစ်ရပ်လုံးအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးဟာ ဒုက္ခမျိုးစုံ ရင်စည်းခံကြရမှာဖြစ်သလို ကျောင်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေလည်း တစတစဆုံးရှုံးလာရပါလိမ့်မယ်။ ဒါကြောင့်မို့ စစ်အာဏာရှင်စနစ်တော်လှန်ရေးတိုက်ပွဲမှာ ကျောင်းသားထုတစ်ရပ်လုံးအနေနဲ့ အင်တိုက်အားတိုက်ပါဝင်ကြရပါမယ်။ ကျောင်းသားထုအောက် အာဏာရှင်တွေ ပြားပြားဝပ်နေစေဖို့ ကျောင်းသားတိုင်း တော်လှန်ရေးသမားဖြစ်နေဖို့တော့လိုပါလိမ့်မယ်” ဟု ကျောင်းသားများက ဟောပြောခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article