33 C
Yangon

ယင်းမာပင်၊ ကန့်ဘလူ၊ ဂန့်ဂေါ၊ ထီးချိုင့်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်သား ၄၀ ဦးသေဆုံးကာ ရဲ ၁ ဦး အရှင်ဖမ်းမိ

Must read

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ကန့်ဘလူ၊ ထီးချိုင့်မြို့နယ်နှင့် မကွေးတိုင်း၊ ဂန့်ဂေါတို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ စစ်သား ၄၀ ဦးသေဆုံးကာ ရဲ ၁ ဦးအရှင်ဖမ်းမိကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။

ယင်းမာပင်၊ ရင်ပေါင်တိုင်ကျေးရွာတိုက်ပွဲ စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ယင်မောင်တိုင်ရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၄ ရက်ဆက်တိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA)တပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ် ဂျပန်က ပြောဆိုသည်။

ယင်မောင်တိုင်ရွာတွင် တပ်စွဲ ထားသော စစ်တပ်ကို သြဂုတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ PRA တပ်မတော်၊CNA၊ မုံရွာ ဗိုလ်သံမဏိ၊ ဆရာစံ၊ ပုလဲ ပကဖ၊ မုံရွာ တပ်ရင်းများမှ ၄ ရက်တိတိ ဝင်ရောက် တိုက်ခိုက် ခဲ့ခြင်းကြောင့် စစ်သား ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၀ ရက်နေ့ကလည်း တွင် PRA တပ်မတော်နှင့် CNA တပ်ဖွဲ့ ရဲဘော်များမှ ပစ္စည်းများ သယ်ဆောင်ပြီး ပြန်လာစဉ် ယင်မောင်တိုင်ရွာသို့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် စစ်တပ် သတင်းပေး ဒလန် ကြောင့် ရဟတ်ယာဉ် လေယာဉ် ၄ စီးဖြင့် လာရောက်ပြီး ၂ စီးဖြင့် ပစ်ခတ်ပြီး ကျန် ၂ စီးဖြင့် စစ်သား အင်အား ၂၀၀ ခန့်ဖြင့် ရွာကို ဝိုင်းထားသောကြောင့် PRA နှင့် CNA ရဲဘော် ၁၃၇ ဦး ယူဆောင်လာသည့် ပစ္စည်းများဖြင့် ဖောက်ထွက်စဉ် ရဲဘော် ၂ ဦးကျဆုံးပြီး ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကာ ကျန်ရဲဘော်များကို ကယ်ထုတ်နိုင်ခဲ့သော်လည်း လက်နက်အများအပြား ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကန့်ဘလူတွင် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပင့်သာရွာကို မီးရှို့ဖျက်ဆီခဲ့သော အကြမ်းဖက် စစ်တပ် စစ်သားများ လိုက်ပါလာသည့် Light Truck ကား ၁ စီး၊ သုံးဘီး ၁ စီးနှင့် ဆိုင်ကယ်၂ စီးကို သြဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လှည်းဘွဲ့ရွာ အနီး၌ ဒေါင်းရာဇာအဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။

ဂန့်ဂေါတိုက်ပွဲတွင် စစ်သား ၆ ဦးသေဆုံးပြီး ရဲ ၁ ဦးအရှင်ဖမ်းမိ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် တောင်ပိုင်းကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ အိမ်သစ်ကျေးရွာအနီး သြဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ရဲ ၁ ဦး အရှင်ဖမ်းဆီး နိုင်ခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အား ၇ဝ ခန့်ပါဝင်ပြီး စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ကာ YPDF၊ YDF၊ CDF-KKG ၊ နဂါးညီနောင်အဖွဲ့ (၁) ပ.က.ဖ နှင့် Gangaw PDF အဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားချိန်သည် ၂ နာရီခန့် ကြာမြင့်ခဲ့ကာ တိုက်ပွဲအတွင်း ရှေ့ပြေး ကင်းထောက် အဖြစ် တက်လာတဲ့ စစ်သားများ ချုံခို တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် နွားကျောင်းသား ပြည်သူ ၁ ဦး လက်နက်ကြီး ထိမှန် သေဆုံးကာ ဝါးခုတ်သွားသည့် ခေါက်ခူရွာမှ ပြည်သူ ၂ ဦးကိုလည်း စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် လိုက်ပါလာသည့် ရဲ ၁ ဦးက လက်နက် ခဲယမ်းများနှင့် အတူ ထွက်ပြေးလာစဉ် မဟာမိတ် ပူးပေါင်းအဖွဲ့မှ အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားကာ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျက်ရှိ‌ကြောင်း သိရသည်။

ထီးချိုင့်တွင် စစ်သား ၂ ဦးသေဆုံး

ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း ထီးချိုင့်မြိုနယ်ဘက်မှ အင်းတော် ဘက်သို့ တက်လာသည့် အင် အား ၆၀ ကျော်ပါ စစ်ကောင်စီတပ်ကို ထီးချိုင့်နှင့် အင်းတော်ကြား ဆင်မတောင်ဘက်တွင် ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်း၍ မိုင်း သုံးလုံး ဆွဲ တိုက်ခိုက်ပြီး ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ၊မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း Indaw Revolution-IR က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်PRA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article