ရန်ကုန်၊ ဩဂုတ် ၂၀
နေပြည်တော်အတွင်းရှိ ရုံးဌာနအားလုံးတွင် လုံခြုံမှု ရှိစေရေးနှင့် ရုံးအတွင်းတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှု မရှိစေရေး အတွက် လက်ကိုင်မိုင်းရှာစက်များ ဝယ်ယူ ထားရှိရမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီက ရုံးဌာနများသို့ အသိပေးစာတွင် ဖော်ပြထားသည်။
နေပြည်တော်ရှိ ရုံးဌာနများအားလုံးတွင် လက်ကိုင်မိုင်းရှာစက် ထားရှိမည်ဖြစ်၍ လိုအပ်သည့်အရေအတွက်ကို နေပြည်တော်ကောင်စီထံ အကြောင်းကြား ဝယ်ယူ ရမည် ဖြစ်ကြောင်း၊ ရုံးဝင်ပေါက် နေရာများတွင် လက်နက်/ဖောက်ခွဲရေးပစ္စည်းများ သိုဝှက် သယ်ဆောင်နိုင်ခြင်းမရှိစေရေး လက်ကိုင် မိုင်းရှာစက်များ ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။

