27 C
Yangon

ရန်ကုန်တွင် စစ်ကောင်စီကိုဆန္ဒပြပြီး NUG နှင့် NUCC တို့၏ လုပ်ဆောင်ချက်များကို မေးခွန်းထုတ်

Must read

ရန်ကုန်၊ သြဂုတ် ၂၀

ရန်ကုန်မြို့၏အထင်ကရ ရွှေတိဂုံဘုရားအရှေ့မုခ်၌ “ ငါတို့ဘယ်တော့မှမကြောက်ဘူး “ ဟူသောကြွေးကြော်သံများနှင့် လူပီသတဲ့ဘဝတွေရဖို့ “ တော်လှန်ခြင်းမှ တပါးအခြားမရှိ “ တော့ကြောင်း YRF က ဦးဆောင်ကာ “ Bella Ciao “ သီချင်းကို သီဆိုဟစ်ကြွေးရင်း ထုတ်ဖော် ချီတက်ကြသည် ။

တော်လှန်လူငယ်များသည် အာဏာလုအောက်တန်းစားကို ကြိမ်ဆဲမှုများပြုလုပ်ရင်း တိုင်းပြည်တာဝန်ထမ်းဆောင်ရာ၌ ပိုမိုထိရောက်သည့် လုပ်ငန်းဆောင်တာများကို ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် NUG နှင့် NUCC ကိုလည်း တော်လှန်ရေးအစိုးရပီသစွာ တော်လှန်ရေးတာဝန်များကို ဖြည်းဖြည်းနှေးနှေး အေးအေးဆေးဆေး လုပ်မနေရန် အလေးအနက်ထား လုပ်ဆောင်စေလိုသည့် ရည်ရွယ်ချက်ဖြင့် သရော်စာများဖြင့်လည်း တိုက်တွန်းနှိုးဆော်ခဲ့ကြ​ကြောင်း သိရှိရသည်။

ယနေ့ အုံကြွလှုပ်ရှားမှု၌ တိုင်းပြည်အတွက် အသေခံကြိုးပမ်းလျက်ရှိသော တော်လှန်ရေးလူငယ်များဖြစ်သည့် Yangon Revolution Force – YRF ( Soft Strike Community )၊ Yangon’s Rebels Strike Committee – YRSC၊ Revolution Force – RF၊ Yankin Protests၊ သဃ်န်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ၊ ပုဇွန်တောင်ဗိုလ်တထောင်လူငယ်များသပိတ်ကော်မတီ(PBYSC)၊ထားဝယ်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ(ထ•ဝ အကသ)နှင့်
လှိုင်သာမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ(လသယအကသ) တို့ ပူးပေါင်းတက်ကြွစွာလှုံ့ဆော်ကြသည် ။

Photo – AAMIJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article