27 C
Yangon

စစ်ကောင်စီက စေလွှတ်လိုက်သော ထောက်လှမ်းရေးတစ်ဦး မြိုင်-ပခုက္ကူလမ်းပိုင်းတွင် ဖမ်းဆီးရမိပြီး ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး၊ စာရွက်စာတမ်းများတွင် ခလရ ၃၂ မှ ဗိုလ်ဆန်းဝင်းအောင်ဖော်ပြထား

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

မကွေးတိုင်းတွင် စစ်ကောင်စီက စေလွှတ်လိုက်သော စစ်ထောက်လှမ်း ရေးတစ်ဦးကို ကို မြိုင်-ပခုက္ကူလမ်းပိုင်းတွင် ဖမ်းဆီးရမိပြီး ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယနေ့ တွင် စစ်ကောင်စီက စေလွှတ်လိုက်သော စစ်ထောက်လှမ်းရေးတစ်ဦးကို ဩဂုတ်လ ၂၀ ရက် ညနေ ၅ နာရီခန့်အချိန်တွင် မြိုင်-ပခုက္ကူလမ်းပိုင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းစစ်ထောက်လှမ်းရေးထံမှ သိမ်းဆည်းရမိသောပစ္စည်းများမှာ စာရွက်စာတမ်းများ၊ Gopro Hero 9 ကင်မရာ (၁)လုံးနှင့် စပ်ဆက်ပစ္စည်းများ၊ 4k video camera (၁)လုံး၊ BOYA M1 မိုက်ကရိုဖုန်း (၁)ခု၊ DJI OM4 (၁)ခု၊ Spy camera glass (၁)ခု၊ Tripod (၁)ခု၊ Gopro Hero 9/10 waterproof (၁)ခု၊ အားသွင်းကြိုးမျိုးစုံ၊ ပိုက်ဆံအိတ် (၁)အိတ်၊ ဖုန်း (၁)လုံး နှင့် ကင်မရာစပ်ဆက်ပစ္စည်းများ သိမ်း ဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စာရွက်စာတမ်းများတွင် ကြာအင်းဆိပ်ကြီး၊ အမှတ် ၃၂ ခြေလျင်တပ်ရင်းမှ ဗိုလ်ဆန်းဝင်းအောင်ဆိုသော စာရွက် စာတမ်းများကို ဖမ်းဆီးရိကြောင်း သိရှိရသည်။

ယင်းစစ်ထောက်လှမ်းရေးသည် ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ အသေဖမ်းဆီးမိကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article