ရန်ကုန်၊ သြဂုတ် ၂၀
မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၀ ရက်နေ့တွင် ” UN,အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုင်ရာပုဂ္ဂိုလ်များအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုများကို လက်တွေ့ပါသည့် အကူအညီများ အထောက်အပံ့များပေးပါ ” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။