26 C
Yangon

မကွေးတွင် ဖမ်းဆီးရမိပြီး သေဆုံးသွားသော ဗိုလ်ဆန်းဝင်းအောင်မှာ နေပြည်တော် စစ်တပ် ထောက် လှမ်းရေးအတွက် အရေးပါသူဖြစ်ပြီး ဒရုန်းနှင့် GPS ၊ Spy ပစ္စည်းများနှင့်အသုံးပြုနည်း ပို့ချသူသင်တန်းဆရာဖြစ်

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

မကွေး၊ မြိုင်-ပခုက္ကူလမ်းပိုင်းတွင် ဩဂုတ်လ ၂၀ ရက်နေ့ ဖမ်းဆီးရမိပြီး သေဆုံးသွားသော ဗိုလ်ဆန်းဝင်းအောင်သည် နေပြည်တော် စစ်ကောင်စီ၏ ထောက် လှမ်းရေးအတွက် အရေးပါသူဖြစ်ပြီး ဒရုန်းနှင့် GPS သင်တန်းများပို့ချသူ၊ Spy ပစ္စည်းများနှင့်သင်တန်းပို့ချသူဖြစ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့ မကွေးတိုင်းတွင် စစ်ကောင်စီက စေလွှတ်လိုက်သော စစ်ထောက်လှမ်း ရေး ဗိုလ်ဆန်းဝင်းအောင် ကို ကို မြိုင်-ပခုက္ကူလမ်းပိုင်းတွင် ဖမ်းဆီးရမိပြီး ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးကြောင်း ယင်းစစ်ထောက်လှမ်းရေးထံမှ သိမ်းဆည်းရမိသောပစ္စည်းများမှာ စာရွက်စာတမ်းများ၊ Gopro Hero 9 ကင်မရာ (၁)လုံးနှင့် စပ်ဆက်ပစ္စည်းများ၊ 4k video camera (၁)လုံး၊ BOYA M1 မိုက်ကရိုဖုန်း (၁)ခု၊ DJI OM4 (၁)ခု၊ Spy camera glass (၁)ခု၊ Tripod (၁)ခု၊ Gopro Hero 9/10 waterproof (၁)ခု၊ အားသွင်းကြိုးမျိုးစုံ၊ ပိုက်ဆံအိတ် (၁)အိတ်၊ ဖုန်း (၁)လုံး နှင့် ကင်မရာစပ်ဆက်ပစ္စည်းများ သိမ်း ဆည်းရမိခဲ့ကြောင်း၊ ဗိုလ်ဆန်းဝင်းအောင်သည် ဖမ်းဆီးရမိစဉ် ခုခံရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ဗိုလ်ဆန်းဝင်းအောင်သည် ကြာအင်းဆိပ်ကြီး၊ အမှတ် ၃၂ ခြေလျင်တပ်ရင်းမှ ဖြစ်ပြီး ထောက်လှမ်းရေး ၊ ဒရုန်းနှင့် စပိုင်ပစ္စည်းများ အသုံးပြုနည်းသင်တန်းများပို့ချနေသူဖြစ်ကြောင်း၊ Thakhingyi San Vlog အမည်ဖြင့် လူမှုကွန်ရက်တွင် Page ဖွင့်ကာ ဒရုန်း၊ စပိုင်ပစ္စည်းများ ရောင်းချခြင်း၊ ကင်မရာများ ရောင်းချခြင်း များလုပ်ဆောင် နေသူဖြစ်ကြောင်း၊ အသုံးပြုနည်းများကို သင်တန်းပေးနေသူဖြစ်ကြောင်း၊ ၎င်းက စစ်တပ်မှ အရာရှိဖြစ်သည်ကို ဖုံးကွယ်ထားခဲ့ကြောင်း သိရှိရသည်။

၎င်းထံမှ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိသော ပစ္စည်းများမှာ Thakhingyi San Vlogတွင် အသုံးပြုနည်းများဖြင့် ပြန်လည် မျှဝေထားသည့် ပစ္စည်းများဖြစ်ကြောင်း သိရှိရသည်။

“သူက ဒရုန်းတွေ၊ Gopro တွေ ရောင်းတယ်။ သူက နေပြည်တော်၊ စစ်ကောင်စီအတွက် ထောက် လှမ်းရေးနဲ့နည်းပညာအတွက် အရာရောက်နေပြီ။ နေပြည်တော် အထိ Mission တွေသွားရတယ်။ မိတဲ့ပစ္စည်းတွေက သူတင်ထားတာတွေနဲ့ တူနေတာရယ် နာမည်အရင်းတူနေတာရယ် ကြာအင်းဆိပ်ကြီးဆိုတာ တူနေတာရယ်ကြောင့်ပါ။ သူက စစ်တပ်အရာရှိဆိုတာ ဖုံးကွယ်ထားပြီး Thakhingyi San Vlog လုပ်ထားတယ်။ နည်းပညာမျှဝေသလိုလိုနဲ့ လူတွေကို ဆွဲဆောင်တယ်။ စိတ်ပူတာက သူ့ဆီက Drone တွေ PDF တွေ ဝယ်မိတာမျိုးရှိရင် GPS တွေဘာတွေထည့်လိုက်မှာစိုးရိမ်ရတယ်။ သူက Drone ရဲ့Gps စနစ်တိကျပုံတွေအလုပ်လုပ်ပုံတွေကို သင်တန်းပို့ချနေတာ။ အတော်အန္တရာယ်ကြီးတဲ့သူပါ။ သူက နေပြည်တော်အထိ အစီအရင်ခံရတာတွေဘာတွေရှိတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article