31 C
Yangon

လေတပ်အရာရှိနှင့်ပိုင်းလော့များ ပြင်ပတွင် မနေရဲတော့၍ မင်းအောင်လှိုင်သား အောင်ပြည့်စုံ၏ ကုမ္ပဏီက တစ်နိုင်ငံလုံးရှိ လေတပ်ဝင်းများတွင် အရာရှိအိမ်ရာများ ဆောက်လုပ်ခွင့်ရ၊ နေပြည်တော် တွင် ရုရှားSU-30 လေယာဉ်အသစ် ၆ စင်း ထားရှိသည့် လေယာဉ်ရုံကိုလည်း အောင်ပြည့်စုံပင် ဆောက်လုပ်ခွင့်ရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော လေ တပ်အရာရှိနှင့် ပိုင်းလော့များ ပြင်ပတွင် မနေရဲတော့သဖြင့် လေတပ်ဝင်းများတွင် အိမ်ရာနှင့်လုံးချင်း အိမ်များ စစ်တပ်က ဆောက်လုပ်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးရှိ လေတပ်အရာရှိ အိမ်ရာများအားလုံး ဆောက်လုပ်ခွင့်ကို မင်းအောင်လှိုင်သားဖြစ်သူ အောင်ပြည်စုံ ၏ Sky One ကုမ္ပဏီကပင် ရရှိကြောင်း သိရှိရသည်။

“လေတပ်အရာရှိ လုံးချင်းအိမ်ရာတွေ လေတပ်တွေအားလုံးမှာ ဆောက်နေပါတယ်။ အရာရှိတော်တော်များများက အပြင်မှာ မနေရဲကြလို့ တောင်းဆိုတာကြောင့် တပ်ဘက်က ဆောက်ပေးတာ။ မင်းအောင်လှိုင်သား အောင်ပြည့်စုံနဲ့ မောင်မောင်နိုင်ဦးဆောင်တဲ့ Sky one ခေါ် မြန်မာစစ်သူကြီး Company က တာဝန်ယူတည်ဆောက်နေတာပါ။ လေယာဥ် ဟန်ဂါတွေ အရာရှိနေအိမ်တွေကိုဆောက်နေတာပါ။ နေ့ပြည်တော်လေတပ်၊ မှော်ဘီလေတပ် အစရှိတဲ့ လေတပ်တိုင်းမှာ တည်ဆောက်နေပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ရုရှားနိုင်ငံမှ မကြာသေးမီက ရောက်ရှိလာသော ရုရှား Su-30 လေယာဉ်သစ် ၆ စင်းထားရှိသည့် လေယာဉ်ရုံကိုလည်း မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ကုမ္ပဏီကပင် ဆောက်လုပ်ခွင့်ရရှိခဲ့ပြီး မကြာသေးမီက အဆောက် အအုံ ပြီးစီးသွား၍ လေတပ်သို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။

ဓါတ်ပုံ- မုံရွာ နမခ စစ်တပ်လေယာဥ်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article