ရန်ကုန်၊ သြဂုတ် ၂၁
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ ဘူတာတွင် ဆူဝမ်မြန်မာအသင်းနှင့် ဆူဝမ် အလုပ်သမား ရွှေ့ပြောင်းကူညီရေးစင်တာ၊ ဒီမိုကရေစီ လှုပ်ရှားမှု အဖွဲ့အမျိုးမျိုးနှင့်အတူတူ ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် မြန်မာ အကြမ်းဖက် စစ်တပ် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။
တောင်ကိုရီယား ဒီမိုကရေစီ လှုပ်ရှားမှု အဖွဲ့အစည်းများနှင့် ဆူဝမ် မြန်မာ အသင်းသည် ၂၀၂၁ နှစ်၂ လပိုင်း ၅ ရက်နေ့မှစတင်ကာ မြန်မာဒီမိုကရေစီအတွက် အပတ်စဉ် တနင်္ဂနွေတိုင်း ဆူဝမ်ဘူတာတွင် ဆန္ဒပြမှုများ လုပ်ဆောင်လျက်ရှိကာ ယနေ့ ၈၂ မြောက် ဆန္ဒပြပွဲကို တောင်ကိုရီယားနိုင်ငံ ဆိုလ်ဘူတာတွင် မြန်မာ့ ဒီမိုကရေစီ ရရှိရေးနှင့် ကိုယ်ရီးယာနိုင်ငံရှိ EPS အလုပ်သမားများ ပိုမိုကောင်းမွန်သော စနစ်ဖြစ်ပေါ်ရေး အလုပ်ရှင် အလုပ်သမား ခွဲခြားမှုမရှိ တန်တူအခွင့်ရေးရှိရေး လုပ်ငန်းခွင်အန္တရာယ်ကင်စွာလုပ်ကိုင်နိုင်ရေး ပိုမိုကောင်းမွန်တဲ့နေထိုင်နိုင်ရေးရရှိရန် မြန်မာအသင်းနှင့် အလုပ်သမားအဖွဲ့အစည်းအသီးသီးတို့က ဆန္ဒပြပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။