28 C
Yangon

ဒဂုံမြို့သစ်အရှေ့ပိုင်း တရားရုံးနှင့် မြို့နယ်လျှပ်စစ်ရုံးတွင် ဗုံး ၃ လုံးပေါက်၊ အလုံနှင့် ဒဂုံ ဆိပ်ကမ်း မြို့နယ်တို့တွင်လည်း ဗုံးများ ပေါက်ကွဲ

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားရုံး၊ မြို့နယ်လျှပ်စစ်ရုံးတို့တွင် ယနေ့ည ဗုံး ၃ လုံးပေါက်ကွဲကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၂၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားရုံးတွင် ဗုံး ၂ လုံး ဆက် တိုက် ပေါက်ကွဲကြောင်း၊ ယင်းနောက် ည ၉ နာရီ ၃၈ မိနစ်အချိန်တွင်လည်း အရှေ့ဒဂုံမြို့နယ် လျှပ်စစ်ရုံးတွင် ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။

“အရှေ့ဒဂုံမှာ ဒီည ဗုံး ၃ လုံးကွဲတယ်။ တရားရုံးမှာ ၂ လုံးဆက်တိုက်ကွဲတယ်။ EPC ရုံးရှေ့မှာလည်းကွဲတယ်။ လူထိ မထိတော့ မသိဘူး။ စစ်ခွေးတွေတော့ ပတ်နေကြတယ်။ မြောက်ဒဂုံနဲ့ အရှေ့ဒဂုံ ဘက်မှာ ။ ၇/ ၈ လမ်းဆုံမှာလည်း ခွေးတွေများတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ဒဂုံဆိပ်ကမ်းမြိုနယ် တစ်နေရာတွင် ယနေ့ ည ၉ နာရီ ၂၀ မိနစ်အချိန်တွင်လည်းကောင်း၊ အလုံမြိုနယ် တစ်နေရာတွင် ယနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင်လည်းကောင်း ဗုံးများ အသီးသီးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တရားရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article