By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၂၂ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း ၊ မီးတိုက်ကျေးရွာအနီးမှာ ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ရခိုင့်တပ်တော် AA နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲထပ်မံဖြစ်ပွားနေတယ်လို့ ဒေသသတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။ – ကရင်နီပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား ဩဂုတ်လ တတိယတစ်ပတ်အတွင်း တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အပြင်၊အကြမ်းဖက် စစ်ကောင်စီဘက်က ၃ ဦး သေတာကိုတော့ အတည်ပြုနိုင်ပြီး ၊ ဒီထက် အသေများနိုင်တယ်လို့လည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်ထားပါတယ်။ – စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ပေါ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်လမ်းသုံးခွအနီးမှာ လူမနေတဲ့ ကျော်စည်ဟိန်းစားသောက်ဆိုင်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီကနေ့ သြဂုတ်လ ၂၂ ရက်နေ့မှာ ဗုံးဖောက်ခွဲလိုက်တဲ့အတွက် ရွှေရည်ဝင်း- လက်ဖက်ရည်ဆိုင်က မောင်ရဲဝင်းထွဋ် ဆိုသူ ဗုံးထိမှန်ပြီး သေဆုံးခဲ့တဲ့ သတင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးပါ့မယ်။