ရန်ကုန်၊ သြဂုတ် ၂၂
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အတွင်း အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ (လောင်းလုံးမြို့နယ်)မှ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ”ဒို့ကျောင်းသားတွေ နိုးထတော်လှန်ကြလော့” ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။