31 C
Yangon

ဇီးဖြူကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်ညွှန့်နှင့် ရာအိမ်မှူးများ၊ သတင်းပေး ဆိုင်ကယ်ရီသမားဘိုဘိုတို့က စစ်တပ်အတွက်အလုပ်လုပ်ပြီး ပြည်သူကို ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့၍ ရှင်းလင်းဟု တွံ့တေး ပျောက်ကျားတပ်ဖွဲ့က တရား ဝင် ထုတ်ပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ ထွေ/အုပ်ရုံးတွင် မြို့နယ်စစ်ကောင်စီက ဆင့် ခေါ် သော အစည်းအဝေး တက်ရောက်ပြီး ပြန်လာသည့် ဇီဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ခင်ညွှန့် နှင့်ရာအိမ်မှူးများ လိုက်ပါသော ကား ပစ်ခတ်ခံရပြီး လူ ၆ ဦးသေဆုံးကြောင်း ဒေသခံများနှင့် စစ်တပ် သတင်းရင်းမြစ်တချို့က ပြော သည်။

ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် တွံ့တေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အစည်းအဝေး တက်ပြီး ကားငှား ပြန်လာသော ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူးခင်ညွန့်၊ ရာအိမ်မှူး အေးမြင့်၊ ရာအိမ်မှူး ဝင်းဇော်၊ ရာအိမ်မှူး သန်းဌေးနှင့် ရာအိမ်မှူး စန်းလွင်တို့ကို သဝန်းတောကျေးရွာအနီးတွင် သေနတ်သမားက ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ခင်ညွှန့် အပါ အဝင် ရာအိမ်မှူး ၃ ဦး သေဆုံးပြီး ရာအိမ်မှူးစန်းလွင်မှာဒဏ်ရာရရှိကြောင်း၊ ကားမောင်းသူနှင့် ဆိုင်ကယ်သမားတစ်ဦးလည်း ထိမှန်သေဆုံးကြောင်း သိရှိရသည်။

“အခင်းဖြစ်တဲ့ (မြကန်သာလမ်းဆုံ) နားမှာတော့ ရဲနဲ့စစ်သားတွေ အတော်များတယ်။ ပစ်ခတ်မှုပြီး တော့ ပစ်တဲ့သူတွေ က ကားနဲ့ ပြန်ထွက်သွားကြတယ် ။ သေ နတ်သံတွေက တော့ အချက်ပေါင်းများစွာပဲ။ ကြိုစောင့်ပြီး ပစ်တာ။ သေသူတွေက ရယကတွေတဲ့” ဟု ဒေသခံတစ်ဦးက ပြော သည်။

လက်ရှိတွင် တွံ့တေး၊ အင်းစိန်၊ လှိုင်သာယာ၊ ဒလ၊ မြို့အထွက်များနှင့် လမ်းဆုံးလမ်းခွ ဂိတ်များကို စစ်တပ်နှင့်ရဲများ အထူးတင်းကျပ်စွာစစ်ဆေးနေကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။

ယနေ့ သေဆုံးသူများသည် အကြမ်းဖက်စစ်တပ်ကို ကျေးရွာများသို့ ခေါ်ယူ၍ ပြည်သူကို ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီး ခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း တွံ့တေးပျောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်လော်ဘီတယ်လီဂရမ်များတွင် ဖြန့်ဝေထားသည့် တွံ့တေးတွင် ယနေ့ ပစ်ခတ်ခံရသော အငှားယာဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article