ရန်ကုန်၊ ဩဂုတ် ၂၃
ကရင်ပြည်နယ်၊ စစ်ကိုင်းတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးကာ တော်လှန် ရေးရဲဘော် ၅ ဦးကျဆုံးကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
ကရင်ပြည်နယ်၊ မြ၀တီ-ဝေါ်လေ ကားလမ်းတွင် ဩဂုတ်လ ၂၂ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦးလည်း ကျဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ် ပြန်သည်။
ကရင်ပြည်နယ် မြဝတီ – ဝေါ်လေ လမ်းမ၊ သုံးထပ်ကွေ့အနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးတာဝန်ယူထားသော နေရာများသို့ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံတပ်များကို ဩဂုတ် ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲခန့်မှ စတင်၍ ညနေ ၅ နာရီခန့်အထိ ကျူးကျော်ရန် အပြင် းအထန် ထိုးစစ်ဆင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီမှ လက် နက်ကြီး ပစ်ကူ အမြောက်အမြားဖြင့် စစ်မျက်နှာများစွာဖွင့်ကာ ကျူးကျော်ထိုးစစ်ဆင်နွှဲခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အမြောက်အမြားရှိခဲ့သော်လည်း ဒဏ်ရာရသူ အရေအတွက်ကို စိစစ်အတည်ပြုဆဲ ဖြစ်ကြောင်း Cobra Column ကဆိုသည်။
တိုက်ပွဲအတွင်း ကော်ဘရာစစ်ကြောင်းမှ ပြည်သူ့ဘက်တော်သားရဲဘော်တစ်ဦး သေဆုံးခဲ့ပြီး သုံးဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း Cobra Column ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ စစ်ကိုင်းတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးများ ဩဂုတ်လ ၂၂ ရက်နေ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာစစ်ကောင်စီ ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားနှင့်ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ရွှေဘိုခရိုင်)တပ်ရင်း(၁၆) က Drone ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ထီးချိုင့်မြို့နယ်၊ ရေဖြူလွင်ကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(ကသာခရိုင်)တပ်ရင်းများ/ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်) စသည့် ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့် စကစတပ်သား၊ပျူစောထီးတပ်သားများအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာသား ၁၀ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။
အဆိုပါ ထိတွေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း တပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရေဖြူလွင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် ဩဂုတ်လ ၂၀ရက်နေ့ အင်းတော်-ကျောင်းကုန်းလမ်းပိုင်းတွင် ထီးချိုင့်ဘက်မှ တက်လာသော စစ်ကောင်စီ အင်အား ၅၀ ကျော်ကို KIA၊PDF၊ပကဖ မဟာမိတ်ပူးပေါင်းတပ်များက နံနက် ၉ နာရီ နှင့် ညနေ၂နာရီတို့တွင် ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး မဟာမိတ်ပူးပေါင်းတပ်များဘက်မှလည်း KIA ၁ဦး၊PDF၁ဦးနှင့် ပကဖရဲဘော်၂ ဦး စုစုပေါင်း ၄ ဦးကျဆုံးခဲ့ကြောင်း အင်းတော်ဒေသသတင်းရင်းမြစ် Indaw Revolution -IR ထံမှ သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။