25 C
Yangon

ကန့်ဘလူတွင် ညောင်ကုန်းကျေးရွာမီးရှို့လာသော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄၀ ထက်မနည်းသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ၊ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှ ဗုံးကျဲ

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် ညောင်ကုန်းကျေးရွာကို မီးရှို့လာသော အကြမ်း ဖက်စစ်ကောင်စီ၏ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်များ သိမ်း ဆည်းရမိကြောင်း ကန့်ဘလူခရိုင်တပ်ရင်း – ၂ မှ ပြန်ကြားရေး က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး နံနက် ၁၀ နာရီတွင် စစ်တပ်က လေ ကြောင်း မှ ဗုံးကျဲတိုက်ခိုက်ကြောင်း၊ ကန့်ဘလူမြို့နယ် လက်ခုပ်ပင်နှင့်အောင်ချမ်းသာကျေးရွာအတွင်းသို့ ချပ် သင်း မှထိုးစစ်ဆင်လာသောစစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူခရိုင်တပ်ရင်း – ၂ မှကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄၀ထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 လက်နက်များသိမ်း ဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ဒီမနက် ၈နာရီကနေ စတင်ပြီး တိုက်ပွဲဖြစ်ပါတယ်။ မနက် ၁၀နာရီ ကျော်မှာ လေကြောင်းပစ်ကူလာတယ်။ လက် နက်က သိမ်းဆည်းရမိတဲ့အရေအတွက်က တိုက်ပွဲ မပြီးသေးလို့ မပြောနိုင်သေးပါဘူး။ စစ်ခွေးတွေ အထိနာနေတယ်” ဟု ကန့်ဘလူခရိုင် တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article