26 C
Yangon

အာဏာသိမ်း ထိုင်းဝန်ကြီးချုပ် သက်တမ်းကာလ သတ်မှတ်ချက် ကျော်လွန်၊ မကျော်လွန် အမိန့်မချခင် ဝန်ကြီးချုပ် ရာထူးမှ ပရာယွတ် ရပ်နားထားရန် အခြေခံဥပဒေ တရားရုံးက အမိန့်ပေး

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထိုင်းဝန်ကြီးချုပ်သည် သက်တမ်းကာလ ၈ နှစ်အထိသာ တာဝန်ထမ်းဆောင်ရန် ပြဋ္ဌာန်းထားပြီး ထိုင်းဝန်ကြီး ချုပ် ပရာယွတ်အနေဖြင့် အခြေခံဥပေဒ ပါ ဝန်ကြီးချုပ်သက်တမ်းကာလ ၈ နှစ် ကျော်လွန်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်အမိန့်ချရန် စစ်ဆေးနေစဉ်ကာလအတွင်း ဝန်ကြီး ချုပ်ရာထူးတာဝန် အလုပ်များ ရပ်ဆိုင်းထားရမည် အခြေခံဥပဒေဆိုင်ရာ တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်း၏ ဝန်ကြီးချုပ် သက်တမ်း ၈ နှစ်ပြည့်၊ မပြည့် တရားရုံးက အဆုံးအဖြတ် မပေးမချင်း ဝန်ကြီးချုပ်ရာထူးကို ရပ်ဆိုင်းရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးပရာယွတ်သည် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်း၍ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ယနေ့ဩဂုတ်လ ၂၄ ရက်နေ့တွင် သက်တမ်း ၈ နှစ်ပြည့်ပြီဖြစ်၍ ရာထူးမှ ဖယ်ရှားရန် အတိုက်အခံများက အခြေခံဥပဒေဆိုင်ရာတရားရုံးကို လျှောက်ထားတင်ပြခဲ့ကြခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဘက်ကမူ ၂၀၁၄ခုနှစ် အာဏာသိမ်းချိန်တွင် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ၅ နှစ်တာ တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲအရ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသည်မှာ ၃ နှစ်သာရှိသေးကြောင်း၊ အခြေခံဥပဒေပါ ဝန်ကြီးချုပ် သက်တမ်းကာလ ၈ နှစ် မပြည့်သေးဟု အငြင်းပွားဖွယ် အပြန်အလှန် ပြောဆိုမှုများရှိနေချိန်တွင် အခြေခံဥပဒေဆိုင်ရာ တရားရုံးက ယင်းသို့ အမိန့်ချလိုက်ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article