23 C
Yangon

Must read

မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ မြင်းမူတွင်လည်း စစ်တပ် ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

ရန်ကုန်၊ သြဂုတ် ၂၄

စစ်ကိုင်းတိုင်း မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း မိုင်တိုင် ၃၁ အင်တိုင်းတောရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ သြဂုတ်လ ၂၃ ရက်နေ့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ခန့်သေဆုံးခဲ့ကြောင်း ရွှေတြိဂံပြည့်သူ့ကာကွယ်ရေးတပ်ရင်း GTF တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရွှေတြိဂံတပ်ရင်း(GTF) ၊B21 ၊ DGF၊နဂါးညီနောင် ၊ CGYDF၊ KLG၊အမိမြေတော်လှန်ရေးအဖွဲ့၊ မြောက်ယမားတပ်ရင်း၊ ဆားလင်းကြီး မဟာမိတ်တပ်ပေါင်းစုနှင့် ညီနောင်မဟာမိတ်များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒေသခံ ပြည်သူများ၏ နေအိမ် ၅ လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ကာကွယ်ရေး ရဲဘော် ၂ ဦး လက်နက်ကြီး ကျည်စထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမှ မုံရွာဘက်သို့ မောင်းနှင်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို သြဂုတ်လ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းမူမြို့ ရှောင်လမ်းတွင် ပဒေသာမိုင်း(၅) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ထံမှ သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ယာဥ်တန်း၏ နောက်ဆုံး ကား ထိမှန်ခဲ့ပြီး မိုင်းကွင်းနှင့် မလှမ်းမကမ်းတွင် ထိုးရပ်သွားကာ စစ်သားများ ထိခိုက်သေဆုံးသူ အများအပြားရှိသော်လည်း အရေအတွက် အတည်မပြုနိုင် သေးကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ ZERO Power တော်လှန်ရေးအင်အားစု (စစ်ကိုင်းတိုင်း) တော်လှန်ရေး ရဲဘော်များမှ ” တောကျီးကန်း စစ်ဆင်ရေး” ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Photo – ရွှေတြိဂံပြည့်သူ့ကာကွယ်ရေးတပ်ရင်း GTF တပ်ဖွဲ့ဝင် တစ်ဦး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article