23 C
Yangon

ကန့်ဘလူ-ကောလင်း-ကျွန်းလှ မြို့နယ် ၃ ခု အစပ်တိုက်ပွဲတွင် ဗိုလ်ကြီး ၂ ဦးနှင့် ဗိုလ် ၁ ဦး အရှင်ဖမ်းမိပြီး စစ်သား ၄၀ ဦး သေဆုံး၊ လက်နက် ၂၂ လက်နှင့်ကျည် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ကောလင်း-ကျွန်းလှမြို့နယ် ၃ ခု အစပ်တွင် မဟာ မိတ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက စစ်ကောင်စီတပ်ကို ယမန်​နေ့ တိုက်ခိုက်ရာ ဗိုလ်ကြီး ၂ ဦး၊ ဗိုလ် ၁ ဦး အရှင်ဖမ်းမိပြီး စစ်သား ၄၀ ဦးထက်မနည်းသေဆုံးကာ လက်နက် ၂၂ လက်နှင့် ကျည် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း ကန့်ဘလူခရိုင် တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရောင်နီက ပြောကြားသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်များကို အထိ နာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၄၀ ထက်မနည်းသေဆုံးပြီး ဗိုလ်ကြီး ၂ ဦးနှင့် ဗိုလ် ၁ ဦး ဖမ်းမိကြောင်း၊ လက်နက် သိမ်းဆည်းမှု အနေဖြင့် MA1 ၇ လက်၊ MA2 ၂လက်၊ MA3 ၇လက်၊ MA4 ၁လက်၊ ၆၀ မမ ပြောင်းတို နှစ်လက်၊ RPG ၁လက်၊ RPG ကျည် ၂လုံး၊ MA ကျည်ဘောက် ၅၅ ဘောက်၊ ၆၀မမကျည် ၁၈ လုံး၊ 5.56 ကျည် ၁၈၆၇ ၊ ၄၀ မမ ကျည် ၆ လုံး၊ အီနာဝါ ၄ လုံး၊ ဦးထုပ် ၆ လုံး ၊နင်းမိုင်း ၅လုံး၊ Icon ၅ လုံး ၊လက်လုပ်တူမီး ၁လက်၊ လက်လုပ်တစ်ထောင့်ထိုး ၁ လက်၊ မီးကျည် ၂ ထောင့်၊ Jumper ၁ ခု၊ မပတ ၂ ခု ၊ 84 mm ပြောင်း ၁ လက် ၊84 mm ၂ ခု ၊ MA Pistol ၁လက်၊ ဘောက် ၂ ခု သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး နံနက် ၁၀ နာရီတွင် စစ်တပ်က လေ ကြောင်း မှ ဗုံးကျဲတိုက်ခိုက်ကြောင်း၊ ကန့်ဘလူမြို့နယ် လက်ခုပ်ပင်နှင့်အောင်ချမ်းသာကျေးရွာအတွင်းသို့ ချပ် သင်း မှထိုးစစ်ဆင်လာသောစစ်ကောင်စီစစ်ကြောင်းကို မဟာမိတ် ပြည်သူ့ကာကွယ် ရေးတပ်များက မှကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၄၀ထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 လက်နက်များသိမ်း ဆည်းရမိခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း – ၂ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

အကြမ်းဖက် စစ်တပ်က Mi 17 ၁ စီးဖြင့် ထောက်ပို့ ပေးပြီး Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး ၊ဂျက်တိုက်လေယာဥ် ၁ စီးဖြင့် လေကြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း သိရသည်။

” မနေ့က ညောင်ကုန်းရွာ မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက အနောက်ဘက်ကို ထွက်သွားတယ်။ ကန့်ဘလူမြို့နယ် လက္ခုပင်ရွာနှင့် ကောလင်းမြို့နယ် အောင်ချန်းသာရွာ အကြားမှာ တိုက်ပွဲဖြစ်နေတာ မနေ့က ညောင်ကုန်းကို မီးရှို့တဲ့ စစ်ကြောင်းနဲ့ ကန့်ဘလူခရိုင် PDF တပ်တွေ တိုက်ပွဲဖြစ်တာ စကစ ဘက်က အသေများလို့ လေကြောင်းကနေ စစ်ကူလာတာ အသေအပျောက်က တော်တော်များတယ်။ စကစ ဘက်က သေတာ။ အခု Mi 35 ၁ စီး၊ ၂ ကြိမ် ပစ်တယ်။ ဂျက်ဖိုက်တာ ၁ စီးနဲ့ပါ ထပ်လာပစ်တယ်။ ပြည်သူတွေကတော့ ရွာလုံးကျွတ် ပြေးနေရတာပေါ့။ ပြည်သူတွေ ထိခိုက်မှု အခြေ အနေတော့ မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article