23 C
Yangon

ထီးလင်းမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ် ချုံခိုတိုက်ခိုက်ခံရ၊ စစ်ကောင်စီဝင် ၅ ဦးသေ အများအပြားဒဏ်ရာရ၊ စစ်ကိုင်း မုံရွာ-ယာကြီးကားလမ်း မိုင်တိုင် ၂၈ သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရွှေခုံတိုင်ကျေးရွာမှ ညအိပ်ပြီး ထွက်လာသော အကြမ်းဖက်စစ်ကောင်စီအင်အား ၁၀၀ခန့်ကို ရွှေခုံတိုင်ကျေးရွာ၏ တောင်ဘက် ၃မိုင်ခန့်အကွာတွင် ဩဂုတ် ၂၄ ရက်‌နေ့ နံနက် ၈ နာရီခန့်၌ ချုံခိုတိုက်ခိုက်ခံရပြီး စစ်ကောင်စီဝင် ၅ ဦးထက် မနည်း သေကာ ဒဏ်ရာ ရရှိသူ များပြားကြောင်း YDF-Htilin က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို YDF – Htilin (တပ်ရင်း ၇၊၈) မှ အနီးကပ်ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် အကျအဆုံးမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဝင်များမှာ ပဇင်းချောင်ရွာသို့ ယနေ့ ညနေ ၃ နာရီခွဲခန့်အချိန်တွင် လူနာအထမ်း လေးခုဖြင့် ဝင်ရောက်လာကြောင်း YDF-Htilin ၏ ထုတ်ပြန်ချက်အရသိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း မုံရွာ-ယာကြီးကားလမ်း မိုင်တိုင် ၃၀ မှ မိုင်တိုင် ၂၈ ဘက်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ကို ယနေ့ ဩဂုတ် ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို KLG PDF(ကျောက်လုံးကြီး)၊ ဒေသခံ ပကဖများနှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article