23 C
Yangon

တန့်ဆည်မှ စစ်တပ်စစ်ကြောင်းများကို ရဟတ်ယာဉ်များဖြင့် ကန့်ဘလူ၊ ကျွန်းလှနှင့်ကောလင်းဘက်သို့ တပ်ပြောင်း ရွှေ့၊ စစ်တပ်က ဓားစာခံ ဖမ်းဆီးထားသော ပြည်သူ ၆၇ ဦး ကို ကယ်ထုတ်နိုင်ပြီး နေရပ်ပြန်နိုင်ရန် စီစဉ်ပေးနေ

Must read

ရန်ကုန်၊ သြဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ စစ်တပ်စစ်ကြောင်းများကို ရဟတ်ယာဉ်များဖြင့် ကန့်ဘလူ၊ ကျွန်းလှနှင့်ကောလင်း ဘက်သို့ ရဟတ်ယာဉ်များဖြင့် ယမန်နေ့ညနေပိုင်းမှစတင်ပြောင်းရွှေ့နေပြီး တန့်ဆည်မြို့နယ်၊ အောင်ချမ်းသာ ကျေးရွာတွင် ဓားစာခံ ဖမ်းဆီးထားသော ပြည်သူ ၆၇ ဦးကို ပြန်လည်ကယ်ထုတ်နိုင်ခဲ့ကာ နေရပ် ပြန်နိုင်ရန် စီစဉ်‌ပေးနိုင်ကြောင်း တန့်ဆည် PDF ထံမှ သိရှိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် တန့်ဆည်မြို့နယ် အောင်ချမ်းသာကျေးရွာမှ ကျွန်းလှမြို့နယ်သို့ စစ်ရဟတ်ယာဉ် များဖြင့် ပြန်လည် ဆုတ်ခွာသွားစဉ် ၎င်းတို့ဖမ်းဆီးခဲ့သည့် ပြည်သူ ၆၇ ဦးကို ရွာထဲ၌ ချုပ်နှောင်ထားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသော ပြည်သူ ၆၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ချုပ်နှောင်ထားခဲ့ပြီးနောက် PDF တပ်ဖွဲ့ဝင်များက ကယ်ထုတ်ခဲ့ပြီး နေရပ်ပြန်နိုင်ရန် စီစဉ်ပေးခဲ့ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဖမ်းဆီးထားသော ပြည်သူ ၆၇ ဦးမှာ ဒီပဲယင်းမြို့နယ်မှ ပြည်သူ ၄၂ ဦး၊ အရာတော်မြို့နယ်မှ ပြည်သူ ၁၂ ဦး၊ တန့်ဆည်မြို့နယ်မှ ပြည်သူ ၁၀ ဦးနှင့် ရေဦးမြို့နယ်မှ ပြည်သူ ၃ ဦး ဖြစ်ကြောင်းသိရသည်။

တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်း ထိုးခဲ့သော စစ်တပ်မှာ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၁၃ မိတ္ထီလာ တပ်ရင်းမှ စစ်သားများဖြစ်ပြီး ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်တွင် ဖမ်းဆီးခံ ပြည်သူများအား ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ညှင်းပမ်း နှိပ်စက်ခြင်း၊ ရိက္ခာ ပစ္စည်းသယ်ဆောင် ခိုင်းခြင်း စသည့် စစ်ရာဇဝတ်မှုများအား ကျူးလွန်ခဲ့ကြောင်း သိရသည်။

စစ်တပ်က တန့်ဆည်ဘက်မှ စစ်ကြောင်းများကို ယနေ့ညနေပိုင်းတွင်လည်း ရဟတ်ယာဉ်များဖြင့် ပြောင်းရွှေ့ ကြောင်း သိရှိရသည်။

“တန့်ဆည်အနားက စစ်ကြောင်းအကုန် ကန့်ဘလူ ကျွန်းလှကို ရွှေ့တယ်။ ဒီနေ့ညနေ အင်အား၁၀၀လောက် ကျွန်းလှ မော်ကယ်ရေနံမြေဘက်ကို ရွှေ့တာ။ အဲဒီမှာ မင်းကင်း သင်းဝန်ရွာကို Mi17 ၊ Mi35နဲ့ပစ်ရင်း ရွှေ့တာဆိုတော့ သင်းဝန်ရွာက ပြည်သူတစ်ဦး သေသွားတယ်။ ဒီကောင်တွေ အင်အား နည်းလို့ ဟိုကဟာ ဒီပို့ ၊ဒီကဟာ ဟိုပို့ဖြစ်နေတာ” ဟု တန့်ဆည်PDF ရဲဘော်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း ရဟတ်ယာဉ်များဖြင့် အကြမ်းဖက်စစ်သား များကို သယ်ယူပို့ဆောင်နေသည့် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article