23 C
Yangon

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရဲစခန်းကို PDF များက ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးဒဏ်ရာရပြီး ဒေသခံပြည်သူတချို့ ဖမ်းဆီးစစ်ဆေးခံရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ ဆိပ်ခွန်နယ်မြေရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၂၄ ရက်နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် လာရောက်တိုက်ခိုက်ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ရှော့တိုက်ဒုံးများ၊လက်လုပ်စိန်ပြောင်းများ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြပြီး စကစက ပြန်လည်ပစ်ခတ်ခဲ့ရာ ထိခိုက်ကျဆုံးမှုမရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုကို 96 soldiers PDF မှ နယ်မြေခံ တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ၄၀ မမ တို့ဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် ရွှေဘိုမြို့နယ် တပ်ရင်း ၅ မှ တပ်ခွဲ ၃၊ MDF SHWE BO၊ SHWE BO FEDERRL ARMY ၊ BO BA TAW၊ SNAKE EYES ( LPDF )၊ C & T ( LPDF ) ၊ ဒေါင်းမာန်( LPDF ) ၊ Alpha 7 (LPDF) ၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရးတပ်ဖွဲ့ ၊ရွှေဘို တိုက်နယ်( ၂ ) ၊ စွန်ရဲ LPDF ၊ ဗိုလ်ကျားရိုင်း ရွှေဘို၊ ဇေယျာသွေး ကျားရိုင်း ( LPDF) ၊ ဇာမဏီဒေါင်း ( LPDF) တို့ပါဝင်ခဲ့ကြောင်း၊ စစ်သား ၁ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဒေသခံပြည်သူများကို ကားနှစ်စီးဖြင့် ဖမ်း ဆီးခြင်း၊ ပြည်သူများအား စစ်ဆေးခြင်း များပြုလုပ်ခဲ့ကြောင်း 96 soldiers PDFက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ရွှေဘို ဆိပ်ခွန်ရဲစခန်းကို ၄၀ မမ ဗုံးသီးဖြင့် ယနေ့ နံနက်ပိုင်း ပစ်ခတ် တိုက်ခိုက်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article