23 C
Yangon

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးအနီး ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲပြီး အစောင့်ရဲ ၁ ဦး ဒဏ်ရာရကာ ပစ်ခတ်မှု ဖြစ်

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏခရိုင်တရားရုံးအနီးတွင် ယနေ့ည ၈ နာရီဝန်းကျင်အချိန်ခန့် ဗုံး ၃ လုံး ဆက် တိုက်ပေါက်ကွဲခဲ့ပြီး အစောင့်ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ၊ ပစ်ခတ်သံတချို့ကြားရကြောင်း ဒေသခံတချို့နှင့် မြို့ပြပျောက်ကျားသတင်းရင်းမြစ်ထံမှ သိရှိရသည်။

“ဗုံး လေးလုံးမှာ သုံးလုံးကွဲတယ်။ အစောင့်တစ်ယောက်တော့ထိတယ်။ ကင်း ပုန်း စောင့်နေတဲ့ စစ်တပ်နဲ့ရဲက သေနတ်နဲ့ ပြန်ပစ်တယ်” ဟု မြို့ပြပျောက်ကျားသတင်းရင်းမြစ်က ပြောသည်။

နေပြည်တော်ဒေသခံများကလည်း ဒက္ခိဏခရိုင်တရားရုံးတွင် ယနေ့ည ၈ နာရီ ဗုံးပေါက်ကွဲမှု မှန်ကန်ကြောင်း ပြောဆိုသည်။

“အောင်သုခကျေးရွာနားက ခရိုင်တရားရုံးနားကနေ ည ၈ နာရီလောက်က အသံအကျယ်ကြီးပဲ ပေါက်ကွဲသံ ၃ ချက်ကြားရတယ်။ ပစ်သံလည်းကြားရတယ်။ ပြီးတော့ စစ်တပ်နဲ့ ရဲကားတွေ ရှုပ်ယှက်ခတ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြော ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article