ရန်ကုန်၊ ဩဂုတ် ၂၄
ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ ကြည်မြည့်တိုင်၊ တောင်ဒဂုံနှင့်မြောက်ဒဂုံမြို့နယ်တွင် ယနေ့ ဗုံးပေါက်ကွဲမှုများနှင့်ပစ်ခတ်မှု တချို့ဖြစ်ပေါ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဩဂုတ် ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၃ ရပ် ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းဘေး တန်ပိုစစ်ဆေးရေးဂိတ်အနီးတွင် ဗုံးပေါက်ကွဲခဲ့ပြီး ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုမရှိသောည်း အကြမ်းဖက်စစ်ကောင်စီတပ်များက လာရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။
ဩဂုတ်လ ၂၄ ရက်နေ့ ည ၉ နာရီ ၂၆ မိနစ်အချိန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ် အမှတ် ၁၉ ရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲခဲ့ပြီး စစ်သားများ အလုံးအရင်းဖြင့်လာရောက်စစ်ဆေးကြောင်း ၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ကုန်ပဒေသာမှတ် တိုင်အနီး မြို့နယ်လျှပ်စစ်ရုံးအနီးတွင် ပစ်ခတ်သံတချို့ကြားရပြီး စစ်သားနှင့်ရဲများ လာရောက်ကြသည်ကို မြင်တွေ့ရကြောင်းဒေသခံများဆိုကြသည်။
ထို့ပြင် ကြည့်မြင်တိုင်မြို့နယ်တွင် ည ၈ နာရီ ၄၀ မိနစ်အချိန်တွင်လည်း ကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင်ပင် ည ၉ နာရီ ၅၆ အချိန်တွင်လည်းကောင်း ဗုံးပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဓာတ်ပုံ- ယမန်နှစ် ညအချိန် ရန်ကုန်တွင် ပြည်သူများကို လိုက်လံဖမ်းဆီးသတ် ဖြတ် နေသာ အကြမ်းဖက်စစ်တပ်။
Photo- HRW