23 C
Yangon

ဖောင်းပြင်၊ မြ၀တီ၊ ပုလောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး PDF ၂ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၄

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား ဖြစ် ပွား သော ဖောင်းပြင်၊ မြ၀တီ၊ ပုလောမြို့နယ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး PDF ၂ ဦး ကျဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ မြ၀တီသုံးထပ်ကွေ့တိုက်ပွဲ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး PDF ၁ ဦးထပ်မံကျဆုံး

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သုံးထပ်ကွေ့ ယမန်နေ့တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး PDF ၁ ဦးထပ်မံကျဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဩဂုတ်(၂၃) ရက်နေ့ သုံးထပ်ကွေ့အနီးသို့ ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့နှင့် ကော်ဘရာစစ်ကြောင်း အကြား ဖြစ်ပွားသော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဖက်မှ ၃ ဦး သေဆုံးပြီး ၅ ဦး အပြင်း အထန် ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်မြေပြင်သတင်း အတည်ပြုချက်အရ သိရှိရကြောင်း၊ ယမန်နေ့ က ထုတ်ပြန်ခဲ့သော စိုးရိမ်ရ ဒဏ်ရာ ရရှိသော ကော်ဘရာစစ်သည်တော် တစ်ဦးသည် ယ‌မန်နေ့ ညပိုင်းတွင် ကျဆုံးသွားခဲ့သဖြင့် ယမန်နေ့ တိုက်ပွဲတွင် ကော်ဘရာ စစ်သည်တော် စုစုပေါင်း (၂) ဦး အသက်ပေးလှူခဲ့ရကြောင်းကော်ဘရာစစ်ကြောင်းက ဆိုသည်။

ဖောင်းပြင်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေပြီး PDF ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ အချိန် ဖောင်းပြင်PDF နှင့် ပကဖ ပူးပေါင်းတပ်များက ဖောင်းပြင်မြို့နယ်မြောက် ပိုင်း သညစ်အုပ်စု ၊ ဟာပါရွာတွင်းရှိ စစ်ကောင်စီနောက်လိုက်ပျူစောထီး အင်အား ၄၀ ကျော်ကို ပျောက်ကျားသွားရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးပြီး PDF တစ်ဦး ကျဆုံးကြောင်း၊ လက်နက်တစ်လက်ရရှိကြောင်း၊ အားလုံးပြန်ဆုတ်လာချိန်တွင် မဆုတ်ဘဲ ကျန်ခဲ့သည့် ရဲဘော်တစ်ဦး ကျဆုံးသွားခြင်းဖြစ်ပြီး လက်နက်တစ်လက်ပါ ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ဖောင်းပြင်မြို့နယ်တောင်ပိုင်း နန်းပန်အုပ်စု မန်လီရွာရှိ အင်အား ၄၀ ခန့်ရှိသည့် ပျူစောထီးများကို ယနေ့နံနက် ၃ နာရီအချိန် PDFနှင့် ပကဖ ပူးပေါင်း ၍သွားရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီမျှကြာခဲ့ကြောင်း၊ ပျူစောထီးများ နေရာယူထားသည့်တိုက်ထဲသို့ M 79 ဗုံးသီးတစ်လုံးဝင်သွားသ ဖြင့် ပျူစောထီး ၅ ဦးသေဆုံး‌ပြီး ၁ ဦးဒဏ်ရာရရှိသည်ဟု သိရှိရကြောင်း ဖောင်းပြင် PDF က သတင်းထုတ်ပြန်ထားသည်။

ပုလောတွင် စစ်သား ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ပုလောမြို့နယ် ၊ပုလောကုန်းကျေးရွာမှာတပ်စွဲထားသော ဖက်ဆစ်တပ်သားများကို ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးဖွဲ့တို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့သည့်အပြင် စစ်ယာဉ်တန်းကိုလည်း မိုင်းဆွဲရာ စစ်သား ၂ ဦးသေဆုံးကြောင်း ပုလောက် PDF က သတင်းထုတ်ပြန်သည်။

သြဂုတ် ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်၎င်းဖက်ဆစ်တပ်များကို မြိတ်ခရိုင်PDF တပ်ရင်း ၁ ပုလောPPDFနဲ့မဟာမိတ်တပ်ဖွဲ့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ၌တိုက်ပွဲငယ်ဖြစ်ပွားခဲ့ကြောင်း ၎င်းအဖွဲ့ကဆိုသည်။

ထိုနောက် နံနက် ၉ နာရီခွဲခန့်တွင် ထားဝယ်ဖက်မှပုလောသို့ဦးတည်ဆင်းလာခဲ့ပါသောဖက်ဆစ်တပ်ယာဥ်တန်းကို ပုလောမြို့နယ်၊မိုင်တိုင်(၄)အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့တို့ပူးပေါင်းပြီး မိုင်း(၂)လုံးသုံး၍ ဖောက်ခွဲတိုက် ခိုက်ခဲ့ရာစစ်သား ၂ ဦးသေဆုံးကြောင်း ပုလော PPDF ဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်သင်တန်းတက်ရောက်စဉ် ကာလ မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article